Пікірлер
@KyawKyaw-k6h4e
@KyawKyaw-k6h4e Күн бұрын
တီချယ်. ဆတ်ဆံပီး ၁လကျော်လောက်စစ်ရင် မရှိင်စိတ်ချရလားဗျ
@humanitarianlabfamily
@humanitarianlabfamily 20 сағат бұрын
အချိန်ကာလအပိုင်းအခြားနဲ့ စစ်​ဆေးနည်း​ပေါ်မူတည်ပြီး ပိုးရှိတာဆိုရင် ​တွေ့မ​တွေ့ကွာခြားပါတယ်။ ပထမအချက် ဘယ်အုပ်စုထဲမှာဝင်​နေလို့ HIV စစ်ရတာပါလဲ? ဒုတိယအချက် ကိုယ်နဲ့ဆက်ဆံသူက ပိုးရှိမရှိစစ်ထားလား? တတိယအချက် ဘယ်နည်းနဲ့စစ်ပြီး အ​ဖြေရလဒ်ကို ဘယ်သူက interpret လုပ်လဲ? ​မေးခွန်းသုံးခုကိုအရင်​ဖြေကြည့်ပါ။ ဒီသင်ခန်းစာကို​သေချာနား​ထောင် ​လေ့လာရင် ဒီအတွက်အ​ဖြေရှိပါတယ်။
@KyawKyaw-k6h4e
@KyawKyaw-k6h4e Күн бұрын
တီချယ်. ဆတ်ဆံပီး. ၂လခွဲ၃လလောက်. သွေးစစ်တာ မပေါ်ဘူး. စိတ်ချရလားဗျ
@humanitarianlabfamily
@humanitarianlabfamily 20 сағат бұрын
@@KyawKyaw-k6h4e kzbin.info/www/bejne/nH6sonyifs18hZosi=SNsgGCnfhLvO3Reg ဒီ​အောက်မှာဖြေ​ပေးထားပါတယ်။ ပိုးကင်းစင်ကျန်းမာပါ​စေ။
@PoonPan-u8k
@PoonPan-u8k 7 күн бұрын
ဆရာမ ကျမအိမ်ထောင်သည်ပါရှင့် အမျိုးသားနဲ့ တနေ့ထဲဆေးစစ်ပါတယ်ရှင့်အမျိုးသားမှာ ဆစ်ဖလစ်မရှိ ဘူးကျမမှာရှိနေတယ် ကျမလိင်ဆက်ဆံတာလဲ ကျမအမျိုးသားနဲ့ပါပဲ တစ်ခြားမရှိပါဘူးရှင့် အဲ့ဒါ ဘယ်လိုကူးစက်နိုင်လဲသိချင်ပါတယ်ရှင့်
@humanitarianlabfamily
@humanitarianlabfamily 7 күн бұрын
ပထမဆုံးအနေနဲ့ ဆစ်ဖလစ်ရှိတယ်ဆိုတာ ဘာစစ်ဆေးနည်းနဲ့စစ်ထားတာလဲဆိုတာနဲ့ false positive ဖြစ်နေတာ ဟုတ်မဟုတ် စီစစ်ဖို့ပါ။ ပြီးတော့ ဘာလို့ဆစ်ဖလစ်ကိုစစ်ရတာပါလဲ? ဒုတိယအနေနဲ့ ဆစ်ဖလစ်ဟာ လိင်ဆက်ဆံရာမှကူးစက်တယ်ဆိုတာ နားလည်ဖို့ပါ၊ မိခင်ကနေနေန္ဓေသားကိုကူးစက်တဲ့နည်းလမ်းကလွဲပြီး တခြားနည်းနဲ့မကူးစက်ပါဘူး။ ရောဂါလက္ခဏာပြတာ၊ စစ်ရင်ပိုးတွေ့တာတွေက အဆင့်အလိုက်ကွာတာတော့ ရှိပါတယ်။ သင်ခန်းစာထဲမှာရှင်းပြထားပါတယ်။ တတိယက နှစ်ဦးလုံးစစ်တာ ဓါတ်ခွဲအဖြေထုတ်နည်း၊ ရလဒ်ဖော်ပြနည်း တူတူပဲလားဆိုတာ ပြန်ကြည့်ရပါမယ်။ ဒီသုံးခုကို သေချာ မိမိဘာသာပြန်လည်စီစစ်ပြီး စစ်ရတဲ့အကြောင်း၊ စစ်ဖို့ညွှန်ကြားသူ (ဆရာဝန်) နဲ့တိုင်ပင်/ ကုသသင့်ပါတယ်။ မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆစ်ဖလစ်အန္တရာယ်ကင်းဝေးပါစေရှင်။
@KhinMgHtwe-z7j
@KhinMgHtwe-z7j 9 күн бұрын
ဆရာမရဲ့Videoလေးတွေအမြဲကြည့်ဖြစ်ပါတယ်ခင်ဗျာ့ဗဟုသုတရလို့ကျေးဇူးပါဆရာမ အခွင့်ကြုံရင်Tumour markersနဲ့ပတ်သတ်ပီးရှင်းပြတဲ့videoလေးတင်ပေးပါဦးနော်😊
@humanitarianlabfamily
@humanitarianlabfamily 8 күн бұрын
ဟုတ်ကဲ့ Clinical chemistry module (MLS) ကျရင်ပို့ချ​ပေးသွားပါမယ်။ ဒီ့ထက်တိုးပြီး ဗဟုသုတရစရာ​တွေ တင်​ပေးသွားပါဦးမယ်။ ​ကျေးဇူးပါ🌿
@mithan5239
@mithan5239 24 күн бұрын
Crp positive ဆိုဘယ်လို ကုသရမလဲဆရာမ
@humanitarianlabfamily
@humanitarianlabfamily 24 күн бұрын
CRP ဘာလို့စစ်ရသလဲဆိုတာ ပြန်ကြည့်ပေးပါ။ positive/ negative အဖြေထွက်တာဟာ ကိုယ်စစ်ချင်တဲ့ရောဂါအပေါ် ဘယ်လောက်သက်ရောက်လဲနဲ့ သက်ဆိုင်ပါတယ်။ ဥပမာ - အဖျားတက်ခြင်း၊ နာတာရှည်ရောင်ရမ်းမှုတစ်ခုခု (လေးဘက်နာ စသည်) တို့ကို ကုသရာမှာ ကုပေးတဲ့ဆရာဝန်/ ဆေးပညာရှင်ရဲ့ရောဂါအပေါ် ဘယ်လောက်သက်ရောက်မှုရှိမလဲ စဥ်းစားချက်ကိုသာ ပြန်ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ခုသင်ခန်းစာပို့ချရတာကတော့ ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာသင်တန်းသားတွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ ရောဂါရှာဖွေရာမှာ မဖြစ်မနေသိရှိရမယ့် အချက်အလက်များကိုသာ ပို့ချဆွေးနွေးထားတာဖြစ်ပါတယ်။ CRP စစ်ဆေးရာမှာ ရှိမရှိ (qualitative) နဲ့ ပမာဏဘယ်လောက်များနေသလဲ (quantitative) ဆိုပြီး နှစ်ပိုင်းခွဲပြီး ဆွေးနွေးထားပါတယ်။ kzbin.info/aero/PLDgBQyLB0eJZ4BRNMaVIPeufJzdfsvjHx သေချာလေ့လာချင်ရင်တော့ ဒီတိုင်းမေးခွန်းမေးမယ့်အစား ခေါင်းစဥ်ကိုတင်မဟုတ်ပဲ သင်ခန်းစာဗီဒီယိုကို အစအဆုံးသေချာနားလည်အောင်ကြည့်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ မေးမြန်းပေးတဲ့အတွက် ကျေးဇူးပါပဲ။