Рет қаралды 160
၁၁။ "ဗမာ့သွေးရောင်"
(ပထမအရွယ်)
စာရေးသူ - မန်းတင်
စာဖတ်သူ - အိမ့်ထက်
ကြာချိန် - ၂၇ : ၅၉ မိနစ်
စာမြည်း
မည်းမှောင်နေသော ကတ္တရာစေးလမ်းမကြီးသည် ကျောင်းသူကျောင်းသားတို့၏ နီရဲသောသွေးတို့ဖြင့် ရွှဲရွှဲစိုနေသည်။ ထိုအချိန်တွင် မြင်းတစ်စီးသည် ကျွန်တော်တို့ဆီသို့ ဦးတည်လျက်လာနေသည်။ မြင်းပေါ်က ဂေါ်ရာပုလိပ် ကိုင်ဆောင်ထားသော တုတ်ချောင်းသည် မည်သူ၏ဦးခေါင်းကို ရိုက်ခွဲဦးမည်နည်း။ မြင်းသည် ကျွန်တော်တို့လူအုပ်ဆီသို့ တိုးဝင်လိုက်သည်။ လူအုပ်သည် နှစ်စုကွဲသွားသည်။ ကျွန်တော်က ပုလိပ်၏ ဝဲဘက်တွင်ကျသည်။ ယာဘက်တွင်ရှိသော ကျောင်းသားတို့၏ ဦးခေါင်းပေါ်သို့ ပုလိပ်၏တုတ်သည် တခွပ်ခွပ်နှင့် ကျဆင်းလေတော့သည်။ ကျွန်တော်၏ မျက်စိရှေ့မှာပင် လမ်းပေါ်တွင် အတုံးအရုံးလဲကျကုန်သည်။ ဝဲဘက်မှလူများအဖို့ကား တုတ်၏ဒဏ်ချက်မှ ကင်းလွတ်ပါ၏။ သို့သော် မြင်းသည် ထိုလူထုကို နောက်ပြန်ဆုတ်ကာ နင်းလျက်ရှိသည်။ အချို့လဲ၍ မြင်းနင်းခံကြရသည်။ ကျွန်တော် လည်း လဲကျသွားမည်ဖြစ်ပြီးမှ သတိထား၍ ဟန်ကာ အလိုက်သင့် နောက်ဆုတ်ပေးလိုက်ရာ သူရိယသတင်းစာတိုက်ထောင့်သို့ ရောက်သွားလေသည်။ ဦးခေါင်းလည်း မူးမူးဝေလျက်ရှိသည်။ သတိထား၍ ရှေ့ကိုကြည့်လိုက်သော် လမ်း ပေါ်တွင် အတုံးအရုံးလဲနေကြသော ကျောင်းသူကျောင်းသား များကို တွေ့ရသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 LH Messenger Link - m.me/listenersh... (Or)
🔰 LH Viber Link - invite.viber.c...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - www.tiktok.com...
🔰 LH Myanmar Culture TV Channel Link - / @lhculturetv