2235. ဘုရား တရား သံဃာ့ ဂုဏ်​တော်များ

  Рет қаралды 275

Buddha Dhamma Sangha Burma

Buddha Dhamma Sangha Burma

Күн бұрын

ဘုရား ဂုဏ်တော် ၉ ပါး
ဣတိပိ သော ဘဂဝါ -
အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရောပုရိသဒမ္မသာရထိ
သတ္ထာဒေဝမနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ
အဓိပ္ပာယ်များ
အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား )
ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး
သဒ္ဓါ
သတိ
ဟိရီ
ဩတ္တပ္ပ
ဝီရိယ
သုတ
ပညာ
ဘောဇနမတ္တညုတာ
ဇာဂရိယာနုယောဂ
သီလ
ဣန္ဒြိယသံဝရ
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
သုဂတော ဂုဏ်တော်
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
ဘဂဝါ ဂုဏ်တော်
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး
ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

Пікірлер: 5
@mawlinmawlin
@mawlinmawlin 6 ай бұрын
🙏🙏🙏🙏🙏
@sawmyatnwe9276
@sawmyatnwe9276 6 ай бұрын
🙏🙏🙏
@BuddhaDhamma
@BuddhaDhamma 6 ай бұрын
တရား ဂုဏ်တော် ၆-ပါး မှာ သွာက္ခာတော ဘဂဝတော ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ သွာက္ခာတ ဂုဏ်တော် မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။ သန္ဒိဌိက ဂုဏ်တော် ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။ အကာလိက ဂုဏ်တော် အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။ ဧဟိပဿိက ဂုဏ်တော် 'လာပါ၊ ကျင့်စမ်းပါ' ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။ ဩပနေယျိက ဂုဏ်တော် မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော် အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။
@BuddhaDhamma
@BuddhaDhamma 6 ай бұрын
သံဃာ့ဂုဏ်တော် (၉) ပါး သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျာ၊ ပါဟုနေယျာ၊ ဒက္ခိဏေယျာ၊ အဉ္စလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ၁။ ကောင်းသောအကျင့်ကို ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၂။ ဖြောင့်မတ်သောအကျင့်ကို ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၃။ နိဗ္ဗာန်အကျိုးငှာ ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၄။ ရိုသေမှုပြုထိုက်အောင် ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၅။ အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးတို့ကို အလှူခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၆။ ဧည့်သည်ကောင်းတို့အလို့ငှာ အထူးစီရင်အပ်သော အာဂန္တုကဒါနကို အလှူခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၇။ မြတ်သောအလှူကို ခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၈။ လက်အုပ်ချီမိုးခြင်းကို ခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။ ၉။ လူအပေါင်း၏ ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးကြဲချရာ အတု မရှိ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အရိယာသံဃာ(၈)ပါး အပေါင်းပါတကား။
@mawar9392
@mawar9392 6 ай бұрын
🙏🏻🙏🏻🙏🏻
Миллионер | 1 - серия
34:31
Million Show
Рет қаралды 2,8 МЛН
Я сделала самое маленькое в мире мороженое!
00:43
Кушать Хочу
Рет қаралды 4,1 МЛН
Part 5. Roblox trend☠️
00:13
Kan Andrey
Рет қаралды 2,5 МЛН
شکرگزاری صبحگاهی  - Shokrgozari Sobhgahi
12:02
Mina Alizadeh [Minaliza Coaching]
Рет қаралды 729 М.
مدیتیشن صبحگاهی : ترفند مدیتیشن صبحگاهی برای جذب خواستها
11:07
Dr. Rezai Attraction, Affirmation, Meditation
Рет қаралды 134 М.
Buddhist Sound Therapy for Anxiety and Stress Management
1:22:01
Mindful Melodies
Рет қаралды 636 М.
Миллионер | 1 - серия
34:31
Million Show
Рет қаралды 2,8 МЛН