Рет қаралды 474
၅။ "ကျွဲချိုဖျားမှာနားမိသည့်ယင်တစ်ကောင်"
(ချစ်လက်စမကုန်ချင်ဘူးကွယ်)
စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ)
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၂၀ : ၁၆ မိနစ်
စာမြည်း
ဝေဒနာကို ကြေညာချင်စိတ်က ဖိသိပ်မရအောင် ပြင်းထန်လွန်း၍ “မခွဲတလမ်း သွားချင်သူက အသည်းနွမ်းစကား ဆိုပါရစေ" ဆိုသော ပထမဆုံး လုံးချင်း ဝတ္ထုကို ရေးဖြစ်ခဲ့သည်။ အဲသည်စာအုပ်မှာ ချိုပုံ့ဆီက တစောင်တည်းသာ ရခဲ့ဖူးသည့် ပေးစာကို မူရင်းအတိုင်း ဘလောက်လုပ်ပြီး ထည့်ခဲ့သည်။
"မောင်မောင် နှင်းဆီတွေ မွှေးလည်းမွှေး၊ လှလည်း လှ။ ကျေးဇူးပဲ။ ချို့က နှင်းဆီကို ချစ်တယ်။ ပန်ရုံသာမက စားလည်း စားတယ်လေ။ ညကျရင် အိမ်ရှေ့မှာ သီချင်း လာဆိုအုံးမယ် မဟုတ်လား။ ဝါရန်တာက ထွက်စောင့်နေမယ် မောင်မောင်။ နှင်းဆီလေးတွေ တဖပ်ချင်း ချွေစားယင်း သီချင်း နားထောင်မှာပေါ့။ ရက်တော့ ခြားပါအုံး မောင်မောင်ရယ်။ နေ့တိုင်း ဆိုယင် လူကြီးတွေက ဘာဘာညာညာ ထင်ကုန်ပါ့မယ်။
ချစ်တတ် ခင်တတ်တဲ့ ချို့
မောင်မောင်ရယ်တွေ၊ မောင်မောင်ရဲ့တွေ ရေလည်းသုံးပြီး ချစ်တယ်ခင်တယ်နှင့် နွဲ့တတ်လေသော ချိုပုံ့ပေးစာ ဖတ်ရစဉ်က တနေ့မှာ ချစ်ကိုကိုမောင် ဖြစ်လာမည့် မောင်မောင်တယောက် ဖီလင်တွေ တရိပ်ရိပ် တက်တော့သည်။
ချစ်သလိုလို ခင်သလိုလိုနှင့် ဘာလိုလို အရိပ်အရောင် ပြခဲ့သော ချိုပုံ့။
သည်တုန်းက ကိုယ်ကတော့ ဗျတ္တလို ပန်းဆက်သမားပေါ့လေ။ သည်လိုနှင့် တနှစ်မျှ ကြာပြီးသကာလ..။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 LH Messenger Link - m.me/listenersh... (Or)
🔰 LH Viber Link - invite.viber.c...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - www.tiktok.com...