တိမ်တွေနေတဲ့ အရပ်ဆီကို

  Рет қаралды 36,360

7Day TV

7Day TV

Күн бұрын

တိမ်တွေရဲ့အလှကို သီချင်းတွေ ကဗျာတွေ စာတွေနဲ့ မျိုးစုံဖော်ကျူးကြလေ့ရှိပါတယ်။ တိမ်တွေနေတဲ့အရပ်ဆီ တောင်တန်းကြီးတွေ အထပ်ထပ်ဖြတ်ကျော်လို့ ရောက်ရှိသွားတဲ့အချိန် တိမ်လွှာတွေအထက်မှာတည်ရှိရတဲ့ ခံစား ချက်ကတော့ ငယ်ဘဝအိပ်မက်တွေ နတ်သမီးလေး နတ်သားလေး အလားပါပဲ။
တကယ်တော့ အဲဒီတိမ်တွေကို ဖမ်းဆုပ်ခွင့်ရဖို့က ဟိုးအဝေးက ချင်းတောင်တန်းကြီးတွေ ရှမ်းတောင်တန်းကြီး တွေအထိ သွားဖို့မလိုပါဘူး။ ရန်ကုန်ကနေ လက်တစ်ကမ်းလို့ပြောလို့ရတဲ့ နေရာမှာ တိမ်တွေကို ဖမ်းဆုပ်ထိ တွေ့နိုင်ဖို့ အခွင့်အရေးရှိနေတာပါ။
အဲဒီနေရာကတော့ ကရင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ တောင်ပေါ်မြို့ကလေးတစ်ခုပဲဖြစ်ပါတယ်။
ရန်ကုန်မြို့ကနေ ၆ နာရီလောက်ပဲမောင်းရတဲ့ တောင်စခန်းမြို့လေးဖြစ်တဲ့ သံတောင်ကြီးဟာ ရန်ကုန်ရဲ့ရာသီဥ တုနဲ့တော့ ထက်ဝက်မကကွာလို့ နွေရာသီမှာတောင် အေးစိမ့်တဲ့ရာသီဥတုရှိတဲ့နေရာဖြစ်ပါတယ်။
ဆောင်းရာသီ အအေးဆုံးအချိန်မှာတော့ ------ အထိအေးလေ့ရှိပြီး အခုလို မိုးအကုန်ဆောင်းအကူးကာလတွေ ကတော့ တိမ်တွေသိပ်လှတဲ့အချိန်ဖြစ်ပါတယ်။
တကယ်တော့ သံတောင်ကြီးကိုသွားမယ်ဆိုရင် အဓိကကတော့ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ် အမြတ်နေရာတစ်နေရာဖြစ်တဲ့ နော်ဘူဘောတောင်နဲ့ ဆုတောင်းတောင်က အဓိကဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေအတွက်နေ့ထူးနေ့မြတ်တွေနဲ့ ဘရားကျောင်းတက်တဲ့ တနင်္ဂနွေလိုနေ့မျိုးတွေမှာဆို ရင် တောင်ပေါ်ကဒေသခံခရစယာန်တွေအပြင် အပြင်ကလာသူတွေပါ တော်တော်များတတ်တာတွေ့ရပါတယ်။
တကယ်တော့သံတောင်စခန်းက အရင်ကတော့ အနက်ရောင်နယ်မြေတစ်ခုဖြစ်လို့ လူသူအရောက်အပေါက် နည်းတဲ့နေရာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ခရီးသွားဒေသတစ်ခုအဖြစ်မြှင့်တင်လာတာတွေ့ရပြီး တကယ့်ကို အေးချမ်းတိတ်ဆိတ်စွာနားနေနိုင်တဲ့ မြောက်ပိုင်းကရင်လူမျိုးတို့ရဲ့ အေးချမ်းရာ ဘိမ္မာန်လေးတစ်ခု လည်းဖြစ်ပါ တယ်။ အဲဒီနေရာမှာတော့ စကောကရင်အများစုနေထိုင်တာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ သံတောင်စခန်းကိုရောက်တာနဲ့ ဖုန်းလိုင်းက နေရာတော်တော်များများမှာ မမိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွေအားလုံးကိုမေ့ထားပြီး ဆက်သွယ်မှုဧရိယာပြင်ပမှာ မိသားစုနဲ့အတူသီးသီး သန့်သန့်အပန်းဖြေဖို့ ဈေးသက်သာစွာရောက်နိုင်တဲ့ တောင်ပေါ်အပန်းဖြေစခန်းမြို့နေရာလေးတစ်ခုပါ။
သံတောင်ကြီးကိုသွားမယ်ဆိုရင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ၁၄၆ မိုင်လောက်မှာ တောင်ငူသို့ဆိုတဲ့ လမ်းအတိုင်းတောင်ငူအထိမောင်း လာပြီးမှ တောင်ငူကအထွက်စစ်တောင်းတံတားကိုဖြတ်ပြီး တောင်ပေါ် မောင်း တက်ရမှာဖြစ်ပါတယ်။ တောင်ပေါ် အထိတိုက်ရိုက်ကားတွေမရှိတာကြောင့် တောင်ငူအထိသွားပြီးမှ တောင်ပေါ်စခန်းမြို့လေးဆီ ဆိုင်ကယ် ဒါမှမ ဟုတ် ကားနဲ့ တက်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ကားမရှိလည်း ပြဿနာမရှိပါဘူး။ သံတောင်းစခန်းကိုခရီးစဉ် စီစဉ်ပြီးပို့ပေးနေတဲ့အဖွဲ့တွေရှိပါတယ်။ နေ့ချင်းပြန်ခရီးကို အပြီးအစီး တစ်ရက်ကို ၃၅၀၀၀ ကျပ်ဝန်းကျင် နဲ့ စီစဉ်ပေးနေတာတွေရှိပါတယ်။
တောင်တက်လမ်းက အိမ်စီးကားတွေနဲ့သွားမယ့်သူတွေအတွက်တော့ အတော်အဆင်ပြေပါတယ်။ အတက်တစ် လမ်း အဆင်းတစ်လမ်းဖြစ်တာရယ် လမ်းလည်းတော်တော်ကောင်းတာကြောင့် တော်တော်သက်သောင့်သက် သာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
လူဦးရေအလွန်နည်းတဲ့ ဒီတောင်ပေါ်စခန်းမြို့ကလေးရဲ့ထူးခြားချက်ကတော့ ဟိုတယ်မရှိဘဲ ညအိပ်တည်းခိုပြီး နံနက်စာစားယုံ စီစဉ်ပေးတဲ့ Bed and Breakfast နေရာလေးတွေတော့ရှိပါတယ်။ ဈေးကလည်း အနည်းဆုံး နှစ်ယောက်ခန်းတစ်ခန်းကို ၂၅၀၀၀ ကနေပြီး ၄၀၀၀၀ ကျပ်ဝန်းကျင်အထိရှိပါတယ်။ အခန်းတွေက အဲကွန်းတွေမပါပါဘူး။ ရာသီဥတုက အဲကွန်းမလိုတဲ့ရာသီဥတုမို့ဖြစ်ပါတယ်။
သံတောင်ကြီးသွားမယ်ဆိုရင် တကယ်တော့ ပသိချောင်းကလည်း မပါမဖြစ်ပါ။ အထူးသဖြင့် လူငယ်တွေရဲ့ အ ပျော်ခရီးတွေမှာတော့ ပသိချောင်းမှာ ရေဝင်ဆော့ကြလေ့ရှိတာပါ။ ပသိချောင်းကတော့ သံတောင်စခန်းရဲ့ တောင်ခြေ သံတောင်လေးမှာရှိတာဖြစ်ပါတယ်။ ခရီးသွားတွေအများစုကတော့ အဆင်းမှာဝင်လေ့ရှိပါတယ်။
တောင်ပေါ်က မဆင်းခင်တောင်ပေါ်က သံတောင်ကြီးကော်ဖီကို အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ခဲ့ဖို့နဲ့ ပုံစံမျိုး စုံနဲ့ ချက်လေ့ရှိတဲ့ တာလဘောဟင်းကိုတော့ နေရာစုံကနေမြည်းစမ်းခဲ့ကြပါလို့အကြံပြုပါရစေ။ တောင်ပေါ်မှာ တနင်္ဂ နွေဆိုရင်တော့ ဆိုင်အများစုက ဘုရားကျောင်းသွားကြတာမို့ ပိတ်ကြပါတယ်။ အင်မတန်ချစ်စရာကောင်းတဲ့ ကရင်တိုင်းရင်းသား တိုင်းရင်းသူ အဝတ်အစားအလှအပလက်ဆောင်တွေကိုလည်း စတိုးဆိုင်လေးတွေမှာ ဝယ် နိုင်ပါတယ်။
တကယ်တော့ သံတောင်စခန်းမြို့လေးကိုရောက်ရောက်ချင်း တောင်ပေါ်တွေမသွားခင်မှာ ကိုယ်နဲ့အလိုက်ဖက် ဆုံးကရင် ဝတ်စုံလေးတစ်စုံဝယ်ဝတ်ပြီး တောင်ပိုင်းကရင်တို့ရဲ့ တောင်တန်းတွေ တိမ်လွှာတွေ မြူခိုးတွေနဲ့အတူ မှတ်တမ်း ဓာတ်ပုံလေးတွေ ရိုက်နိုင်မှာဖြစ်ပါတယ်။
ရန်ကုန်နဲ့အလှမ်းမဝေးလှတဲ့ မထင်မရှားတောင်ပေါ်မြို့ငယ်လေးတစ်မြို့ဟာဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေကိုအချိန်တိုအတွင်းဆွဲဆောင်ထားနိုင်ခဲ့ပါပြီ။
7Day TV ရဲ့ Authenic Travel ဒီတစ်ပတ် တင်ဆက်မှုလေးကိုကြည့်ပြီး တိမ်တွေနေတဲ့အရပ်ဆီသွားလို့ တိမ်ပေါ်ခုန်တက်ကလိုက်ကြပါဦးလို့။

Пікірлер: 21
АЗАРТНИК 4 |СЕЗОН 2 Серия
31:45
Inter Production
Рет қаралды 1 МЛН
WILL IT BURST?
00:31
Natan por Aí
Рет қаралды 48 МЛН
Men Vs Women Survive The Wilderness For $500,000
31:48
MrBeast
Рет қаралды 94 МЛН
Cute
00:16
Oyuncak Avı
Рет қаралды 9 МЛН
Mitsubishi ASX
2:26
PPE 9 AUTOMOBILE
Рет қаралды 20 М.
DVB - " ပြဒါးလင်းဂူခရီးစဉ်"
30:49
ထားဝယ် ပန်နီဆူလာ
14:20
7Day TV
Рет қаралды 47 М.
Tasty Trip: ပုဂံရဲ့ မိုးရာသီ
22:46
АЗАРТНИК 4 |СЕЗОН 2 Серия
31:45
Inter Production
Рет қаралды 1 МЛН