A visit to the Holy Place (MahaBodhi Temple) | BodhaGaya| Bihar| India 🇮🇳

  Рет қаралды 121

The Way of Phillip

The Way of Phillip

Жыл бұрын

A visit to the Holy Place (MahaBodhi Temple) | BodhaGaya| Bihar| India 🇮🇳
မြတ်စွာဘုရားရှင်၏ အောင်မြေနေရာ အထွတ်မြတ်ဆုံးမြေမြတ်မဟာသို့ ... 🙏🙏🙏
(အချိန် ၅ မိနစ်ကျော်ခန့်သာရှိပြီး မရောက်ဖူးသေးသူများအတွက် ကြည်ညိုသဒ္ဒါပွားများကာဖူးမြှော်နိုင်ဖို့ အချိန်ခဏပေး ကြည့်ရှုသင့်တဲ့ မှတ်တမ်းဗီဒီယိုလေးပါခင်ဗျာ 🙏)
🌟ကမ္ဘာပေါ်မှာ အယူဝါဒ အမျိုးမျိုးရှိကြပါတယ်။ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်မဟာများက်ုလည်း ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲလည်း ဖြစ်ပါတယ်။ ဒီလိုပါပဲ ဗုဒ္ဓဝါဒီတို့ဟာလည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်းပြီး ထူးမြတ်တဲ့ မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေ့ရှိကြပြီး ထိုအောင်မြေအရပ်များကတော့ ....
🙏 ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်။
🙏 သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ။
🙏 ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော။
🙏 ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောတို့ပဲဖြစ်ပါတယ်။
🌟 အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အနေနဲ့လည်း ဓမ္မသံဝေဂ ဖြစ်စေပြီး ကြည်ညိုမှုများပွားများကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ အထက်ပါဌာန လေးခုအနက်မှ မဟာဗောဓိ အောင်မြေအရပ်ကတော့ အထူးမြတ်အလွန်ကဲဆုံး ဖြစ်တယ်လို့လည်းသိရပါတယ်။
🌟 ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများဟာ မဟာဗောဓိပင် နေရာမှာပေါက်ပြီး၊ မြေပြင်ပေါ်ထွန်းရာမှာလည်း ဦးစွာပေါ်ထွန်းသောနေရာဖြစ်ကာ၊ ကမ္ဘာပျက်ရာမှာလည်း နောက်ဆုံးမှသာ ပျက်တယ်လို့ ကျမ်းဂန်များမှာ ပါရှိကြပါတယ်။
🌟 ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် လွန်ကဲထူးမြတ်တဲ့ မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့ရာ၊ မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိပြီး မာရ်ငါးပါးကို အောင်မြင်ခဲ့ရာ အောင်မြေနေရာနဲ့ ထို‌နေရာတဝိုက်မှာရှိတဲ့ ဘုရားရှင်တို့ ဘုရားစဖြစ်ပြီး ဌာနခုနစ်ဌာနမှာ တစ်ဌာနလျှင် ခုနစ်ရက်စီ ပထမဦးဆုံးသီတင်းသုံးတော်မူရာ သတ္တသတ္တာဟ (၇) နေရာအကြောင်းတို့ကို အခုလိုပဲ ကြည်ညိုဖွယ်ရာအပြည့်ဖြင့် ရိုက်ကူးမှတ်တမ်းတင်ကာ တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ 🙏
#ဗုဒ္ဓဂယာ
#မြေမြတ်မဟာ
#မဟာဗောဓိစေတီ #မဟာဝိဟာရ #သဗ္ဗညုတဉာဏ် #မာန်ငါးပါးကိုအောင်မြင်ရာ #အောင်မြေ #ဗောဓိညောင်ပင်
#သတ္တသတ္တာဟ၇ဌာန #ဘုရားရှင်ဖြစ်ပြီးသီတင်းစတင်သုံးတော်မူရာနေရာ
#အိန္ဒိယ #ဘီဟာ
#bodhgaya #bihar #india
#holyplace #buddha #buddhism
#mahabodhi #mahavihara #temple

Пікірлер
Каха и суп
00:39
К-Media
Рет қаралды 6 МЛН
100❤️
00:19
MY💝No War🤝
Рет қаралды 23 МЛН
10 Min Meditation Music for Positive Energy
10:25
Meditation Music - Topic
Рет қаралды 303 М.
Каха и суп
00:39
К-Media
Рет қаралды 6 МЛН