Рет қаралды 39,374
အင်္ဂါဂြိုဟ်မှာ သက်ရှိတွေရှိခဲ့လား၊ ဒါကို စူးစမ်းဖို့ ကြိုးစားနေတဲ့ မြန်မာ အမျိုးသမီးကို သိလား။
နာဆာက မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် - အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးပျံမယ့်ယာဉ်ရဲ့ ပဲ့ကိုင်ရှင် အကြောင်း။
အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ ထိပ်တန်း အာကာသ သိပ္ပံပညာရှင် တစ်ဦး ဖြစ်တဲ့ မြန်မာ နွယ်ဖွား ဒေါ်မီမီအောင်ဟာ Mars လို့ ခေါ်တဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ်မှာ အဓိက ကျတဲ့ အာကာသ ရဟတ်ယာဉ်ငယ်ကို ဒီဇိုင်းဆွဲထုတ်လုပ်သူ ဖြစ်သလို ဒီ စီမံကိန်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။
ကလေး ဘဝမှာ တခြား ဂြိုဟ်တွေမှာရော သက်ရှိတွေ များ ရှိနိုင်မလား ဆိုတဲ့ မေးခွန်းတွေက စတင်ခဲ့တဲ့ ဒေါ်မီမီအောင်ရဲ့ အာကာသ စူးစမ်းလေ့လာရေး စိတ်ကူး အိပ်မက် တွေ ဘယ်လို အကောင်အထည် ဖော်နေပါသလဲ။ မြန်မာ လူငယ် နဲ့ အမျိုးသမီးတွေ ရဲ့ ကိုယ်စီ ကိုယ်စီ အိပ်မက် တွေ အကောင်အထည် ဖော်ဖို့ ဘာတွေ အကြံပြုထားပါသလဲ။ ရုပ်သံမှာ အပြည့်အစုံ ကြည့်နိုင်ပါပြီ။
မေးမြန်း - ရီရီအောင်၊ တည်းဖြတ် - ဝင်းကျော်သူ / ဘီဘီစီမြန်မာပိုင်း
#ဘီဘီစီမြန်မာပိုင်း #မီမီအောင် #NASA #နာဆာ #အာကာသ #မြန်မာ #အမျိုးသမီး #အာကာသသိပ္ပံ #Mars #အင်္ဂါဂြိုဟ်