အင်ဂျင်တလုံးရဲ့ ပါဝါတွက်ချက်မှု့ ၊ Hp နဲ့ CC ကွာခြားချက်၊ Hp ကဘာလည်း? CC ကဘယ်လိုတွက်ရတာလည်း?

  Рет қаралды 1,480

Mechanic Phyolay

Mechanic Phyolay

Күн бұрын

မိတ်ဆွေတို့ကြားဖူးကြမှာပါ အင်ဂျင်တစ်လုံးရဲ့ cc တို့ hp တို့ 😃
⚠ အဲ့ကောင်က ဘာတွေလည်း 🤷‍♂️😅
“1300 ပြောလိုပြော.. 1.3 ပြောလိုပြော"
“ထောင်နဲ့ပြောလိုက် ပွိုင့်နဲ့ပြောလိုက် Engine Power က ဘယ်လို Unit တွေတုန်း?”
ပြောလို့သာပြောနေကျတယ် တချို့များ ဘာကြောင့် ဒီလိုပြောကြတယ်၊ဘယ်လိုတိုင်းတာ တယ်ဆိုတာကို မသိသူများ ဖြစ်နေတတ်ပါတယ်။
📐 1300 နဲ့ 1.3 ဘာကွာလဲ ဆိုတာကို အမှန်တကယ်ကို မသိသူ အများအပြား ရှိနေပါတယ်။ တကယ်တော့ ဒီ ယူနစ် ၂ ခုဟာ လွန်စွာရိုးရှင်းတဲ့ အခြေခံ ရူပဗေဒ ယူနစ်များပဲ ဖြစ်ပါတယ်။
📐1300 နဲ့ 1.3 ဘယ်လို ကွာခြားလဲ
📏Cubic Centimeter (သို့) cc (သို့) cm3 ဆိုတာ ထုထည် တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ ဒီမှာ တစ်ခု သတိထားရမှာက 1300 လို့ သုံးရာမှာ 1300cc ဖြစ်ပြီး 1.3 လို့ ဆိုရာမှာတော့ 1.3 L ဖြစ်ပါတယ်။
L ဆိုတာကတော့ Liter ပဲ ဖြစ်ပါတယ်။
1 Liter = 1000 cc ဖြစ်ပါတယ်။ မိမိနှစ်သက်သလို သုံးစွဲနိုင်ပါတယ်။
📐သို့သော်လည်း အာရှနဲ့ ဥရောပမှာ 1300cc အင်ဂျင်လို့ သုံးစွဲလေ့ရှိပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံ များမှာတော့ 1.3 L အင်ဂျင်ရယ်လို့ သုံးစွဲပါတယ်။
📐1300 နဲ့ 1.3 ဆိုတဲ့ ယူနစ် ၂ ခုရဲ့ ကွာခြားတဲ့ အခြေခံ သဘောတရားကို သိရှိပြီဆိုရင် အနည်းငယ် ပိုမိုခက်ခဲတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်။
ရှေ့ဆက်မသွားခင် အရင်ဆုံး သိရှိဖို့ လိုအပ်တာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။
📚အဓိပ္ပါယ် ဖွင့်ဆိုချက်များ
🚩Displacement
Definition:
the amount of air-fuel mix the engine can burn at a time.
✏ကဲဒါဆိုရင် 1300cc အင်ဂျင်လို့ပဲ ပြောပြော၊ 1.3L အင်ဂျင်လို့ပဲခေါ်ခေါ် ဒီယူနစ်တွေက ဘာကိုရည်ညွှန်းပါသလဲ။ cc (သို့) liter ယူနစ်နဲ့ ပြောနေကြတဲ့ ကိန်းဂဏာန်းဟာ အင်ဂျင်တစ်ခုရဲ့ Displacement ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
✏အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရင်တော့ အင်ဂျင်စလင်ဒါထဲက ပစ်စတင် (pistons) တွေရဲ့ လောင်စာနဲ့ အောက်ဆီဂျင် (လေ) တို့ရဲ့ ရောနှောလောင်ကျွမ်းမှု ပမာဏကို တိုင်းတာတဲ့ နှုန်းပဲဖြစ်ပါတယ်။
✏ Displacement (cc) ဟာ အင်ဂျင်ရဲ့ ပါဝါကို တိုက်ရိုက်တိုင်းတာတဲ့ ယူနစ်မဟုတ်ပေမယ့် displacement များလေ အင်ဂျင်ပါဝါ ကြီးမားလေလို့တော့ အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။
🚩Horsepower
Definition:
the max power available from the engine.
✒အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တိုင်းတာသည့် ယူနစ်များ ကွာခြားသလို (cc နှင့် hp) အဓိပ္ပါယ်ခြင်းလည်း လွန်စွာမှ ကွာခြားပါတယ်။
✒Horsepower (သို့) မြင်းကောင်ရေအား ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းအား တိုင်းတာသည့် နှုန်းထားပင် ဖြစ်သည်။
✒1 hp = 745.7 watts = 33,000 ft lb/min
✒ဆိုလိုသည်မှာ မြင်းကောင်ရေ ၁ ကောင်အားသည် တစ်မိနစ်လျှင် ၇၄၅.၇ ဝပ် (သို့) ၃၃၀၀၀ ပေါင်-ပေ နှုန်းရှိသည့် “အား” ကို ဆိုလိုသည်။ ပိုမိုရှင်းလင်းအောင် ဆိုရမည်ဆိုလျှင်
1 hp =33000 ft lb/min ဆိုတာက ၃၃၀၀၀ ပေါင်ရှိတဲ့အလေးကို ၁ မီနစ်အတွင်း အမြင့်တစ်ပေ ကို တွန်းနိုင်တဲ့ စွမ်းအားပါ။
♻Displacement နှင့် Horsepower တို့၏ ဆက်နွယ်မှု
🔝အထက်မှာ ဖော်ပြထားတာကို ပြန်လည်ဆွေးနွေးကြည့်ရအောင်။ အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်လို့ အစောက ပြောခဲ့ပါတယ်။
♎အင်ဂျင်ကြီးမားလေ၊ displacement ပိုများလေ အင်ဂျင်ရဲ့ မြင်းကောင်ရေအားလည်း ပိုများလေပါပဲ။ အင်ဂျင်ရဲ့ မြင်းကောင်ရေအား ပိုများလေ အင်ဂျင်ရဲ့ ပါဝါ ပိုကြီးလေ ဖြစ်ပါတယ်။
⚠ဥပမာ -
📍စလင်ဒါ ၄ လုံးပါ 1500cc (သို့) 1.5 L အင်ဂျင်ပါရှိတဲ့ Toyota Yaris ရဲ့ မြင်းကောင်ရေအားဟာ ၁၀၀ ကျော်သာ ရှိပေမယ့်
📍စလင်ဒါ ၄ လုံးတပ် 2000 cc (သို့) 2.0 L အင်ဂျင် တပ်ဆင်ထားတဲ့ Audi A6 ကတော့ မြင်းကောင်ရေအား 211 hp ရရှိမှာ ဖြစ်ပါတယ်။
♻အင်ဂျင်တစ်လုံး၏ displacement နဲ့ horsepower တို့ဟာ ကိန်းဂဏာန်းအတိအကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။ တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးဟာ မြင်းကောင်ရေအားမှာ ကွာခြားမှုရှိမှာသေချာပါတယ်။
🔯အသုံးပြုတဲ့ ပင်စတင်ခေါင်း၊ နည်းပညာ၊ တာဘိုစနစ် စတာတွေအပေါ် မူတည်ပြီး တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးရဲ့ မြင်းကောင်ရေအားဟာ ကွာခြားသွားပါလိမ့်မယ်။
🔯ဒါပေမယ့် အလွယ်တွက်နည်း(ခန့်မှန်း) နဲ့ တွက်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ ဓာတ်ဆီသုံးအင်ဂျင် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ပျှမ်းမျှအားဖြင့် displacement 17 cc ဟာ 1 hp နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။
🚩Torque (သို့) အင်ဂျင်ရုန်းအား
Definition:
the amount of force that the car applies at the wheels
📎Torque (သို့) အင်ဂျင်ရုန်းအား ဆိုသည်မှာ အင်ဂျင်တစ်လုံးက ထွက်ရှိလာတဲ့ ပါဝါကို ဘီးများထံမှတဆင့် လမ်းမပေါ်သို့ ရောက်ရှိတဲ့ ပမာဏကို ဆိုလိုပါတယ်။
📎နောက်တစ်နည်း ပြောရရင်တော့ torque ဆိုတာ အင်ဂျင်ပါဝါကို ဘီးတွေကတဆင့် လမ်းမပေါ်သို့ အရောက်ပို့လွှတ်ပြီး မော်တော်ယာဉ်အား တွန်းပို့ပေးသည့် ရုန်းကန်အားကို ဆိုလိုပါတယ်။
📎Torque ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံမှာ သိရှိသူ အလွန်နည်းပါးလှပါတယ်။ ကားတစ်စီးရဲ့ အင်ဂျင်ရုန်းအားကို စိတ်ဝင်စားသူ မရှိသလောက်ကို နည်းပါပေမယ့် ကားတစ်စီး၊ အထူးသဖြင့် စွမ်းရည်မြင့် ကားတစ်စီးကို ဝယ်ယူရာမှာ torque ကို သတိထားကြည့်ဖို့ များစွာလိုအပ်ပါတယ်။
📎အင်ဂျင်ပါဝါ ဘယ်လောက်ကောင်းကောင်း torque နည်းနေတဲ့ မော်တော်ယာဉ်တစ်စီးဟာ ရုန်းအားမကောင်းပဲ တာထွက်နှေးနေမှာ ဖြစ်သလို ဂီယာပြောင်းရာမှာလဲ တုန့်သွားတတ်ပါတယ်။ အထူးသဖြင့် red line လို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုနှုန်း (rpm) အမြင့်ဆုံး ဘယ်အချိန်မှာ ရောက်လဲပေါ်မူတည်ပြီး torque ရဲ့ လုပ်ဆောင်ချက်က ကားတစ်စီးရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်ပေးသွားနိုင်မှာ

Пікірлер: 2
@sithu2894
@sithu2894 Ай бұрын
လေးစားပါတယ်ဆရာ
@sawsey8754
@sawsey8754 24 күн бұрын
ပညာရပါတယ် ဒီလိုvdတွေများများတင်ပေးပါ
МЕБЕЛЬ ВЫДАСТ СОТРУДНИКАМ ПОЛИЦИИ ТАБЕЛЬНУЮ МЕБЕЛЬ
00:20
I Took a LUNCHBAR OFF A Poster 🤯 #shorts
00:17
Wian
Рет қаралды 16 МЛН
Apple peeling hack
00:37
_vector_
Рет қаралды 113 МЛН
GTA 5 vs GTA San Andreas Doctors🥼🚑
00:57
Xzit Thamer
Рет қаралды 27 МЛН
သိသင့်တဲ့အင်ဂျင်အကြောင်း အပိုင်း(၁)(@MS28. )
3:21
စက်မှုကျောင်းသား
Рет қаралды 16 М.
ဘားvalveအကွာအဝေး ချိန်ညှိခြင်း
4:16
IME INTERNATIONAL MYANMAR
Рет қаралды 37 М.
piston ring .ပင်စတင်ရိမ်း စနစ်တကျထည့်နည်း
7:24
thura paing .ဆိုင်ကယ်နည်းပညာအခြေခံများမျှဝေရာ
Рет қаралды 366
МЕБЕЛЬ ВЫДАСТ СОТРУДНИКАМ ПОЛИЦИИ ТАБЕЛЬНУЮ МЕБЕЛЬ
00:20