Рет қаралды 48,089
(Unicode)
အိမ်စီးကားများ ဈေးကျဆင်းနေပေမယ့် လုပ်ငန်းသုံးကားတွေကတော့ဈေးတက်နေ
ရန်ကုန် - နိုဝင်ဘာ - ၁၄၊ ၂၀၂၀
လူစီးယာဉ်တွေအတွက် အခွန်သက်သာခွင့် လျော့ပေးထားတဲ့အတွက် သိန်း၃၀၀ အထက် အိမ်စီးကားဈေးတွေကတော့ အဆမတန်ကျဆင်းနေပြီး အခွန်ဖြေလျော့ရာမှာ မပါဝင်တဲ့လုပ်ငန်းသုံးကားတွေကတော့ ဈေးတက်နေတယ်လို့ လုပ်ငန်းသုံးကားတင်သွင်းရောင်းချနေသူတွေထံမှသိရပါတယ်။ ကိုဗစ်ကာလမှာ သိန်း၃၀၀ အထက် အိမ်စီးကားတွေကတော့ ကားအမျိုးအစားအလိုက် သိန်း၂၀ ကနေ သိန်း၂၀၀အထိစျေးကျဆင်းနေပါတယ်။ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကိုင်သူတွေအတွက် လုပ်ငန်းသုံးကားတွေကလိုအပ်တဲ့အတွက် အခွန်ဖြေလျော့မှုမှာလုပ်ငန်းသုံးကားတွေမပါဝင်ပေမယ့် လုပ်ငန်းသုံးကားစျေးကွက် ဝယ်လိုအားကောင်းနေပါတယ်။ လုပ်ငန်းသုံးအင်ဂျင်ပါဝါ၆၆၀ စီစီ Hijet ကားလေးတွေကလည်း လိုအပ်ချက်ကြောင့် ကားဈေးကွက်မှာ ဈေးနှုန်းအမြင့်ဆုံးအထိ မြင့်တက်လာနေတယ်လို့သိရပါတယ်။
သတင်း - နိုင်အောင်
(Zawgyi)
အိမ္စီးကားမ်ား ေဈးက်ဆင္းေနေပမယ့္ လုပ္ငန္းသုံးကားေတြကေတာ့ေဈးတက္ေန
ရန္ကုန္ - ႏိုဝင္ဘာ - ၁၄၊ ၂၀၂၀
လူစီးယာဥ္ေတြအတြက္ အခြန္သက္သာခြင့္ ေလ်ာ့ေပးထားတဲ့အတြက္ သိန္း၃၀၀ အထက္ အိမ္စီးကားေဈးေတြကေတာ့ အဆမတန္က်ဆင္းေနၿပီး အခြန္ေျဖေလ်ာ့ရာမွာ မပါဝင္တဲ့လုပ္ငန္းသုံးကားေတြကေတာ့ ေဈးတက္ေနတယ္လို႔ လုပ္ငန္းသုံးကားတင္သြင္းေရာင္းခ်ေနသူေတြထံမွသိရပါတယ္။ ကိုဗစ္ကာလမွာ သိန္း၃၀၀ အထက္ အိမ္စီးကားေတြကေတာ့ ကားအမ်ိဳးအစားအလိုက္ သိန္း၂၀ ကေန သိန္း၂၀၀အထိေစ်းက်ဆင္းေနပါတယ္။ တစ္ႏိုင္တစ္ပိုင္စီးပြားေရးလုပ္ကိုင္သူေတြအတြက္ လုပ္ငန္းသုံးကားေတြကလိုအပ္တဲ့အတြက္ အခြန္ေျဖေလ်ာ့မႈမွာလုပ္ငန္းသုံးကားေတြမပါဝင္ေပမယ့္ လုပ္ငန္းသုံးကားေစ်းကြက္ ဝယ္လိုအားေကာင္းေနပါတယ္။ လုပ္ငန္းသုံးအင္ဂ်င္ပါဝါ၆၆၀ စီစီ Hijet ကားေလးေတြကလည္း လိုအပ္ခ်က္ေၾကာင့္ ကားေဈးကြက္မွာ ေဈးႏႈန္းအျမင့္ဆုံးအထိ ျမင့္တက္လာေနတယ္လို႔သိရပါတယ္။
သတင္း - ႏိုင္ေအာင္