Рет қаралды 626
အင်းလေးမှာရွာတဲ့မိုး Live (1997)
• အင်းလေးမှာရွာတဲ့မိုး တ...
တေးရေး ကိုင်ဇာ
တေးဆို တင့်တင်ထွန်း ဟေမာနေ၀င်း ကဗျာဘွဲ့မှူး ထွန်းအိန္ဒြာဗို
Hong Kong Myanmar Community Evening Gala (1997)
Produced (Directed, Recorded & Edited) by Dr. Richard Hla.
ကိုင်ဇာ ၏ အင်းလေးမှာရွာတဲ့မိုး
တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ လှေငယ်လေးတစ်စင်း တရွေ့ရွေ့လွန့်လူးလာ ထိုစဥ်မိုးကောင်းကင်မှာ မှောင်ရီမည်းတဲ့အရိပ်ခြယ်လာ လှေရှင်လေးတစ်ယောက်တည်း လွမ်းတေးညည်းလို့သာ ကမ်းစပ်ကို သူလှော်ခတ်လာ
ထိုစဥ်မိုးတွေမည်းမှောင်ရီကာ သည်းသည်းရွာပြီတစ်ခါ လှေငယ်လေးတော့ ကမ်းစပ်ရဲ့အ၀ေးမှာ ရေပြင်လှိုင်းများ ခက်ထန်စွာ မြင်နိုင်စွမ်းတဲ့ကမ်းခြေအလာ လှေရှင်လေးတစ်ယောက်တည်း အချစ်နဲ့ကင်း၀ေးရှာ မိုးမင်းရယ်ညှာတာလိုက်ပါ …..
အင်းလေးမှာရွာတဲ့မိုးရယ် အင်းလေးမှာရွာတဲ့မိုးရယ် တိတ်လှည့်ပါ တိတ်လှည့်ပါ လွမ်းအထီးကျန် အဖေါ်မဲ့သူ့ကမ္ဘာ တွေးမိကာ အကယ်၍မျှသာ လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ်မထင်ပါ ……
ကြင်နာမဲ့သူ မရှိနိုင် ရင်မှာသူ့အတွက် အဖေါ်မွန်ဟာ ရေပြင်ထက်က မိုးစက်မှုန်များသာ ပြာရီမှိုင်းတဲ့ကောင်းကင်မှာ လှေရှင်လေးအတွက် မိုးတွေရွာ ညှာတာပါမိုးရယ် အလွမ်းများနဲ့သူ့ဘဝဟာ မိုးလေးသူအချစ်ဆုံးပါ …..
အင်းလေးမှာရွာတဲ့မိုးရယ် …………………. သူဒီလောက်အားငယ်မယ်မထင်ပါ …..
ရေပြင်ထက်မှာ အထီးကျန်တစ်ကိုယ်ရေ လွမ်းလို့မဖြေနိုင်ပါ လှေရှင်လေးရဲ့ အားမလျှော့ပါနဲ့ကွာ မိုးကိုလည်းမချစ်စေချင်ပါ အားမငယ်ဘဲ ဆက်ကာလှော်ပါလှေငယ်လေးထက်မှာ တစ်နေ့နေ့တော့ ဘဝရဲ့အဖေါ် အားပေးမည့်သူပေါ်လာလိမ့်မှာ ….. ။