အလောင်းလှေ - သန်းတင့် | ရွတ်သူ -

  Рет қаралды 148

A.I (Artful Impressions) by သုသိ

A.I (Artful Impressions) by သုသိ

Күн бұрын

သို့
ကိုဆွေ
အဖြေက ရှိနေသေးတယ်ဆိုပေမဲ့
ကျနော်တို့ခန့်မှန်းထားသလို ဟုတ်ချင်မှဟုတ်မယ်
တစ်ခု ၊ နှစ်ခုထက်မကလည်း ပိုသွားနိုင်ပါတယ် ။
ငိုနေတဲ့သူရယ် ၊ ရယ်နေနိုင်သေးတဲ့သူရယ်
ပြီးတော့
မကြည့်ရဲလို့ထွက်ပြေးသွားကြတဲ့
သူတော်စင်တွေရယ် ။
ကျနော်ရော ဘာလုပ်နိုင်လို့လဲဆိုတော့
တွေ့သမျှ မြင်သမျှအလောင်းလေးတွေကို
သစ်ထွင်းလှေလေးပေါ်တင်
မြစ်ရိုးတစ်လျှောက် ခရီးနှင်နေတယ်ပေါ့ဗျာ ။
ဒီလို သွေးထွက်သံယိုဆပ်ကပ်မှာ
ဒီလို ကြီးကျယ်ခမ်းနားတဲ့ခေတ်တစ်ခေတ်မှာ
ကျနော့ ကိုယ်ရည်ကိုယ်သွေးနဲ့
ကျနော်တတ်နိုင်တာက ဒီမျှသာပါပဲ ။
တာတိုင် ပဇီကြီး အနမ်ပါမှစလို့ နတ်မြစ်ဝအထိ
လာ တက် ခရီးဆက်ကြမယ် လို့
ကျနော် အော်ခေါ်တယ်
ဒို့ခရီးကို ဒို့ဆက်ကြမယ်လို့ ချီလို့ပိုးလို့
အလောင်းလေးတွေကို
တယုတယနဲ့ ကျနော့လှေပေါ်ပွေ့တင်တယ် ။
ပြီးတော့ အင်ဖက်ဝိုင်းကြီးတွေ
ကျွန်းရွက်ကြီးတွေနဲ့ သူတို့တစ်ယောက်ချင်းကို
လုံလုံခြုံခြုံ အုပ်ပေးထားလိုက်တယ်
ကမ်းပေါ်ကသာ စီးမိုးကြည့်လိုက်ရင်
စာလုံးဝိုင်းဝိုင်းလေးတွေ
အတန်းလိုက် အတန်းလိုက်စီထားတဲ့ ကဗျာတစ်ပုဒ်
လိုပေါ့ဗျာ ။
ချောင်းရေဇလာမှာ
အလောင်းလှေလေးလာခဲ့တယ်ပေါ့ ကိုဆွေ ။
တစ်ကမ်းကိုခွါ တစ်ကမ်းကိုကပ်နဲ့
နာမည်အထပ်ထပ်ပျက်နေတဲ့မြစ်များ
မိုးကြားလေကြား
ရေစီးကတော့ အားကောင်းလွန်းလှတယ် ။
ကုက္ကိုဆိပ်က သုံးလောင်း ၊
လက်ပံကွင်းအစပ်က နှစ်လောင်း ၊
ကြခတ်ဝါးရုံတောက လေး ငါး ခြောက်လောင်း ၊
အရိုးရှိသမျ အသားရှိသမျှ
နာကျင်လွန်းခဲ့ကြပြီမို့ လှေဦးမှာနေရာချ
ဒီတစ်ဘဝနားကြပါစေတော့ ။
နေရာစုံ အရောင်အသွေးစုံပါပဲ ကိုဆွေရေ
ထမင်းလုပ်တန်းလန်းနဲ့ ၊
လက်ရေးလှစာအုပ်လေး ထုတ်နေရင်းနဲ့ ၊
အမေ့ကို လမင်းထိန်ထိန်သာသလို ပြုံးပြနေရင်းနဲ့ ၊
ညီမလေးကို ကုန်းပိုးလာရင်းနဲ့ ၊
မိုးရေစိုနေတဲ့ စာဝါငှက်လေးကို ငေးကြည့်နေရင်းနဲ့ ။
ကိုင်းတောဘေးကအလောင်းမှာ
ယင်တွေအုံနေလိုက်တာ
ပြတ်လုပြတ်ဆဲကြာရိုးလေးလို
တွဲလောင်းကျနေတဲ့ လက်မောင်းတစ်ဖက်
ရက်နည်းနည်းကြာသွားလို့
တက်တူးလေးတောင် ပျက်စပြုနေပါပြီ
ငါရှုံးပါစေ တရားနိုင်ပါစေ တဲ့ ။
အဲ့ဒီ့ ကဗျာရူးလေးကိုလည်း
ဆရာအောင်ချိမ့်ဆီကိုရောက်အောင်
ကျနော့လှေကလေးနဲ့ ပို့ပေးရဦးမယ် ။
တချို့က ချက်ချင်းကြီးတော့
သေခြင်းနဲ့ ဘယ်အသားကျနိုင်ပါဦးမလဲ
ဇောက်ထိုးဆွဲခံထားရတဲ့အလောင်းမှာ
မျက်ရည်ဟာ နှဖူးပေါ်ကိုပြောင်းပြန်စီးကျနေတယ်
သူသွားနေကျလမ်းမဟုတ်လို့
မျက်ခုံးပေါ်မှာ မျက်ရည်စီးကြောင်းလေးရပ်နေတယ် ။
ခုထိ မခြောက်သေးသလိုပဲ
ခုထိ ငိုနေတုန်းလိုပဲ
နာကျင်မှုဟာ ခုထိဆက်ဖြစ်နေတဲ့အတိုင်းပဲ ။
ခဏရပ်ပေးပါ
လေပြင်းနဲ့ တိမ်ဆိုးမုတ်သုံ
ဖွဲရုံ စိုရုံသာရွာပါ
ခဏလောက် နားပေးပါ
သွားလမ်းလာလမ်း သာကြစေချင်တယ်ဗျာ ။
မီးတွေမလောင်ခင်က
ဒီနေရာမှာ ပန်းဝါဝါတွေပွင့်တဲ့ခြံစည်းရိုးလေး
ရှိခဲ့ပါလိမ့်မယ် ၊
ဒီနေရာမှာ
ကျဆုံးသွားပါပြီဆိုတဲ့ အဝေးသတင်းကို
ငြင်းဆန်အော်ဟစ်နေတတ်တဲ့
သပြေညိုပင်လေးတစ်ပင် ရှိခဲ့ပါလိမ့်မယ် ၊
ဒီနေရာမှာ နေ့တစ်လှည့် ညတစ်လှည့်
ဆက်ဆက်မျော်နေတတ်တဲ့ အိပ်မက်စိမ်းတွေ
ရှိခဲ့ပုံရပါတယ် ။
ဒီနေရာဆိုတာ ကျနော့အထင်ပြောတာပါ
ဟောဟို အနားက ကြာကန်ထိပ်မှာလည်း
ဖြစ်နိုင်တာပေါ့ဗျာ ။
ခုတော့
ခြောက်သွေ့နေတဲ့ ကျစ်ဆံမြီးလေးဟာ
ရေတံခွန်ဟောင်းတစ်ခုပမာ
ကလေးမလေးရဲ့ရင်ဘတ်ပေါ်မှာ ငြိမ်သက်လို့ ၊
ပစ်ပယ်ထားရက်တဲ့ လောကကြီးကို ကျိန်ဆိုလို့ ၊
ငေါထွက်နေတဲ့ လက်ဖျံရိုးဟာ
ကမ္ဘာကြီးကို တစ်နည်းနည်းနဲ့ဆက်သွယ်ဖို့ကြိုးစားလို့ ၊
သွေးစီးကြောင်းက
သနပ်ခါးပါးကွက်ကြားလေးပေါ် စိုက်ဝင်လို့ ။
နေ့တာ ညတာ ဘဝတာတိုလွန်းခဲ့သူရေ
အသားတော်ညိုပြာညက်ရေ
ဖလန်နယ်အကွက်စိတ်လေးနဲ့
အိပ်တော့နှော်ကွယ် ။
ဪ ငါ့နှမရယ် ကူးတို့မလိုပါဘူးကွယ် လို့
ကျနော်ငြင်းလိုက်ရတယ် ကိုဆွေ
သူ့မှာ အရှက်ရော အသက်ရောမရှိတော့ဘူး
သူ့ကျောင်းသူ့ကန်တွေလည်း ပြိုတာပြိုခမ်းတာခမ်း
ကမ်းနှဖူးက စေတီလေးကို
ခရီးဝေးမထွက်ခင်
နောက်ဆုံးအနေနဲ့ ဦးတင်ခဲ့ဖို့သာ ပြောလိုက်မိတယ် ။
ကောင်းကင်ဘုံလား နိဗ္ဗာန်ကိုလား
အလ္လာရှင်တော်မြတ်ရဲ့ ရှေ့တော်မှောက်ကိုလား
အဲ့ဒီကိုသွားတဲ့လမ်းတွေ ကျနော်မသိဘူး ကိုဆွေ
ဒီလိုပဲ မေးစမ်းပြီးလှော်ခတ်သွားရတော့မှာပဲ
သူတို့ဆင်းချင်တဲ့နေရာမှာ ဆင်းကြပါစေလေ ။
အလှမက်တဲ့ တူမလေးနှစ်ယောက်ကို
ဝဿဝတ္တီနတ်ပြည်မှာ ချထားပေးခဲ့မယ်လေ
ဝဿဝတ္တီနတ်ပြည်က နတ်သမီးလေးလိုလှပါတယ်လို့
သီချင်းတောင်ရှိတယ်မဟုတ်လား ဗျာ
ဧဒင်ဆိုလည်း ဧဒင်ဥယျာဉ်ရှေ့အထိ
ရောက်စေရမှာပေါ့ ။
ဒီလိုမဟုတ်ရင်လဲ နောက်နောင်ဘဝ
ကျနော်ရော ခင်ဗျားရောအင်မတန်ချစ်ရတဲ့
ယုဇနမခင်ပျိုလေးတွေ ဖြစ်ကြပါစေ
ညီမလေးမမမြင့်တွေ ဖြစ်ကြပါစေ
ဂန္ထဝင်မမလေးတွေ ဖြစ်ကြပါစေ
ရာမာဂူချီခင်ဆွေရည်လေးတွေ ဖြစ်ကြပါစေ ။
ကိုဆွေရေ
ဘယ်သူ့ကိုမှ မပေးခဲ့ဘူးတဲ့ဆုပါ
အားလုံး အားလုံး ခင်ဖုန်းသက်ဝေလေးတွေလည်း
ဖြစ်ချင်ရင် ဖြစ်ကြပါစေဗျာ ။
သေမင်းရဲ့စက်ရုံ
အရိုးခေါင်းပုံတံဆိပ်တော်နဲ့ တိုင်းပြည်
ဟေ့ လာကြ လှေပေါ်တက်ကြ
အနေခက် အသေခက်တဲ့အရပ်တကာကို
ချောင်းရေမတက်ခင်
အလောင်းလှေ ခရီးဆက်ရဦးမယ် ကိုဆွေ ။ ။
#သန်းတင့်

Пікірлер
Cute
00:16
Oyuncak Avı
Рет қаралды 11 МЛН
Will A Guitar Boat Hold My Weight?
00:20
MrBeast
Рет қаралды 197 МЛН
Amazing Parenting Hacks! 👶✨ #ParentingTips #LifeHacks
00:18
Snack Chat
Рет қаралды 19 МЛН
‌အလောင်းလှေ(သန်းတင့်)
9:34
Poems & Readers Channel (DREAMS)
Рет қаралды 206
ချစ်တဲ့ ဘာဘီ - သုဉ်းလူ  |  ရွတ်သူ - @PoemsByThuThi
2:59
A.I (Artful Impressions) by သုသိ
Рет қаралды 213