Рет қаралды 88,685
အလှူမှာစားကောင်းလွန်းတဲ့ မန္တလေးက ဒေါ်အေးလွင်လက်ရာ
မန်းလေးရောက်တုန်း အမရပူရမှာ ဝါဆိုသင်္ဃန်းကပ်ရင်း အလှူလုပ်ခဲ့ပါတယ်။
မန္တလေးမှာဆိုတော့ ဘာချက်ပြီး ဆွမ်းကပ်ရမလဲ? ဘာတွေကျွေးရမလဲ စဉ်းစားရကြပ်နေတာပေါ့။
အဲတာနဲ့ပဲ ဒေါ်အေးလွင်နဲ့ ဆုံပါလေရေဗျိူး။ ကောင်းချက်ဆိုတာ ဒေါ်အေးလွင်ကြီးကို ရန်ကုန်တောင် သယ်လာချင်ပါရဲ့ဗျာ။
ထမင်းဆိုင်မဟုတ်ပဲ အလှူမင်္ဂလာဆောင်တွေကိုပဲ အထူးအော်ဒါသီးသန့်အနေနဲ့ချက်ပြုတ်ပေးတာဖြစ်ပါတယ်။ လက်ရာကောင်းပြီး၊ လူ ၁၀၀ စာမှာရင် လူ ၁၃၀-၁၄၀ အသာလေးကျွေးလို့လောက်အောင် စေတနာတအားပိုတာပါဗျ။
မန္တလေးနဲ့အနီးတဝိုက်အလှူလုပ်မယ်ဆိုရင် ဒေါ်အေးလွင် နဲ့သာကျွေးပါဗျ။ ကျနော်အာမခံတယ် စားကောင်းစေရမှာ စိတ်ချပါဗျိူး
ဒေါ်အေးလွင် မြန်မာထမင်းဟင်းအထူးအော်ဒါသီးသန့် ဖုန်း 09798693378, 09402524214
26လမ်း နဲ့ သဂ်ဇာချောင်းလမ်းထောင့် ပိုက်ကျုံး
မြို့တော်ဥယျာဉ် မရောက်ခင်လေး