Рет қаралды 41,352
ကိုယ့်ကိုယ်ကို နည်းပညာတိုးတက်တဲ့လူမျိုးစုလို့ နာမည်တပ်ထားတဲ့ ကျွန်တော်တို့တတွေအတွက် အတိတ်ကလူသားတွေဟာ နှိုင်းယှဥ်လိုက်ရင် အတော်လေးခေတ်နောက်ကျနေတယ်လို့ ထင်စရာဖြစ်ပါတယ်။ ကြီးမားလှတဲ့ နည်းပညာကွာခြားမှုကြီးကြောင့် ကျွန်တော်တို့ဟာ ထူးခြားတဲ့ မျိုးစိတ်တွေလိုတောင်ဖြစ်နေပါတယ်။ ဒီနည်းပညာတိုးတက်မှုတွေအကုန်လုံးကလည်း လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်အတွင်းမှာ ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့က လူသားတွေရဲ့ သိချင်စိတ်ဟာ အဆုံးမရှိတာကြောင့် ကျွန်တော်တို့ရဲ့ ဉာဏ်ရည်တိုးတက်မှုကလည်း အဆုံးမရှိနိုင်ဘူးလို့ ထင်နေကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ တိုးတက်မှုဟာ စကြဝဠာတစ်ခုလုံးနဲ့ယှဥ်လိုက်ရင် သေးနုပ်နေနိုင်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ကြိုးစားမှုဟာ ဘယ်လောက်ထိ ဆက်တိုးတက်လာနိုင်မလဲ။ အလွန်တိုးတက်တဲ့အဆင့်ကနေ ဟိုက်ပါဉာဏ်ကောင်းလွန်းတဲ့ ကမ္ဘာ့ပြင်ပနေ သက်ရှိဘဝတွေဖြစ်လာဖို့ အချိန်လယ်လောက်ကြာမလဲ။ ပြီးတော့ အဲ့ဒီဂြိုလ်သားမျိုးစုတွေကရော ဘယ်လောက်ထိ တိုးတက်ကြမှာလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကိုရှာဖို့ အသင့်ပြင်ထားလိုက်ပါတော့။