Рет қаралды 6,302
မနက်စာ သို့ အဆာပြေအနေနဲ့ စားလို့ရတဲ့ သက်သတ်လွတ် အာလူးချာပါတီ မုန့်လေးပါ.
ပထမဆုံးအာလူးတွေကို နူးအိအောင်ပြုတ်ပြီး အခွံခွာပြီးရင် ထောင်းထားပေးပါ၊
နံနံပင်နဲ့ ပူစီနံကို နုတ်နုတ်စဉ်းထားပေးပါ။
အရွက်ချည်းစဉ်းထားပေးပါ။
ကြက်သွန်နီ ၂ လုံးကို နုတ်နုတ်စဉ်းထားပြီး ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းပိုထည့်လို့ရပါတယ်၊
ဒယ်အိုးထဲမှာ ဆီကို စားပွဲတင်ဇွန်း၂ ဇွန်းထည့်ပြီး ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ဆီသပ်ပေးပါ။
မွှေးလာပြီဆိုရင် အာလူးထည့်ပေးပါ၊ ဆား ကို လိုသလောက် ထည့်ပေးပါ။ အသားမဆလာ သို့မဟုတ် မဆာလာ ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်ပါမယ်၊
နုတ်နုတ်စဉ်းထားတဲ့ နံနံပင်နဲ့ ပူစီနံထည့်ပေးပါ၊ ပြီးရင် အားလုံး သမအောင် မွှေပေးပါ။
ပြီးရင် ချာပါတီ သို့မဟုတ် Ready made Tortilla သို့မဟုတ် နံပြား ကို မီးကင်ပေးပါ၊
ပြီးမှ ခုနက ချက်ထားတဲ့ အာလူးအဆာတွေကို ထည့်ပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ၊
ချိစ်ကြိုက်ရင် ချိစ်၁ပြားလောက်ထည့်ပြီး မီးအပူလေးပြန်ပေးပြီး သုံးဆောင်နိုင်ပါတယ်ခင်ဗျာ၊
ပါဝင်ပစ္စည်းများ
အာလူး - ၃ လုံး
နံနံပင် - အနည်းငယ်
ပူစီနံ - အနည်းငယ်
ကြက်သွန်နီ - ၂ လုံး
ငရုတ်သီးစိမ်း - အနည်းငယ်
ဆီ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
မဆလာ - ဇွန်းတဝက် (စားပွဲတင်ဇွန်း)
ချာပါတီ သို့ tortilla - 3 ချပ်
တို့လိုအပ်ပါတယ်။
အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ
။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်...
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။
လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။