အသံထွက်ကဗျာ " အ,အ အိပ်မက် " တိုးအံ့ဝေ

  Рет қаралды 99

mgchan khayanpyar

Жыл бұрын

🩵 အ, အ အိပ်မက် 🩵
ရွှေနားတော်သွင်း ချစ်ခြင်းစကားဆိုဖို့
ငါဟာ စုန်းကဝေတစ်ကောင်ဖြစ်တယ်
ကိုယ့်ကကြိုးမှာ ကိုယ်ပြန်ငြိခဲ့ပေါ့ ။
ကျေးဇူးပြုပြီး
မျက်လွှာလေး ချထားပေးလိုက်စမ်းပါ
ဒီရင်ကွဲသံတွေ မင်းကိုလာစင် မစိုးလို့ ။
အဲ့ဒီလို ရိုရိုကျိုးကျိုးခေါက်ရိုးဆိုတာ
ကျိုးချင်တိုင်း ကျိုးခဲ့တာမှ မဟုတ်ပဲ
*အသေအကျေဆို သူ့အချစ်ကဘုရားတရတယ်* ဆိုတာမျိုး
ခွင့်ပြုမိန့်တောင်းပေမယ့်
အပိတ်ခံရတဲ့ဆန္ဒပြပွဲဟာ ငါ့ချစ်ခြင်းပေါ့
တစ်လွဲဆိုမှတော့
ဒီဆံပင်တွေလည်း မကောင်းပါရစေနဲ့တော့ကွယ် ။
ရိုးလွန်းလို့ ဆန်းသွားတဲ့ဇာတ်လမ်း
တစ်ဖက်ကမ်းကသူဆီ
ဒီအလွမ်းတွေအသံမြည်စေဖို့
ဘယ်နတ်ဘုရားကို တိုင်တည် ရမလဲ ။
မင်းကျောအခိုင်းမှာ လှုပ်ခါကျန်ခဲ့တဲ့ဘဝဟာ
ငါ့ကို စွဲကပ်နေတဲ့ပယောဂ
ဘယ်လောက် တ, တ
ဒါဟာ ရွှေပြည်တော်မျှော်တိုင်းဝေး ။
ညီမလေးရေ . . . . .
အ, အ တစ်ယောက်ရဲ့ အိပ်မက်ဆိုပေမယ့်
စိတ်ကူးနဲ့ အသံထွက်ခွင့်တော့

ချင်
ပါ
တယ်. . . . . ။ ။
တိုးအံ့ဝေ
*ဆရာစိုင်းဝင်းမြင့်၏ကဗျာစာသား*
“ အ, အ အိပ်မက် ”
ကဗျာ • ရွတ်ဆို - တိုးအံ့ဝေ
ခံစားဖန်တီး - မောင်ချမ်း ( ခရမ်းပြာ )

Пікірлер