☘️အောင်မြင်မှုအိပ်မက်တွေအတွက် လိုက်နာသင့်တဲ့ လျှို့ဝှက်ချက် (၁၀) ချက်📚✨

  Рет қаралды 3,629

Myanmar Imperial University - MIU

Myanmar Imperial University - MIU

7 ай бұрын

Success Tips for Education & Dream
-------------------------------------------------
✨ တီချယ်ပို့မျှဝေပေးခဲ့တဲ့ အိပ်မက်တွေကို ရှေ့ဆက်ဖို့ လျို့ဝှက်ချက် ၁၀ ချက်အကြောင်းကို နှစ်သစ်မှာ အတွေးအခေါ်အသစ် တွေရရှိဖို့အတွက် Myanmar Imperial University မှ ဒီ Video လေးကနေတစ်ဆင့် ပြန်လည်မျှဝေပေးပါရစေရှင်။ 📚
✍🏻 ၁။ ဘဝမှာ ယုံကြည်ချက် အိပ်မက်နှင့် အာရုံစူးစိုက်နိုင်စွမ်းရှိပါစေ။
ကိုယ်က ဘာကိုယုံကြည်တာလဲ၊ ဘာကိုဖြစ်ချင်တာလဲဆိုတာကို အမြဲတွေးနေရမယ်။ Focus လို့ပြောရင် ပြောတော့သာလွယ်လွယ်လေး ဒါပေမယ့် စိတ်အရမ်းညစ်တဲ့အချိန်မှာလဲ အဲ့ Focus ကိုရအောင်တွေးရပါမယ်။
✍🏻 ၂။ ဘဝမှာ အောင်မြင်မှုအိပ်မက်အတွက် စည်းကမ်းလိုက်နာတတ်သောသူ စည်းကမ်းချနိုင်သောသူတစ်ယောက်ဖြစ်ပါစေ။
Discipline ရှိတာကကျတော့ အလုပ်ကို ဘယ်လိုလုပ်ရလဲဆိုတာမျိုးပေါ့။ တီချယ်တို့ဆို Project based Roadmap နဲ့အလုပ်လုပ်မယ်ဆိုရင် အလုပ်က ပထမဆုံး step မှာ ဘာလုပ်မယ်၊ objective setting ချမယ်၊ plan ချမယ်။
✍🏻 ၃။ ပညာရပ်တစ်ခုကို ကျွမ်းကျင်လိမ္မာသည်အထိ အာရုံစူးစိုက်အချိန်ပေးသင်ယူသောသူဖြစ်ပါစေ၊ သင်ယူသောပညာကို လက်တွေ့မှာ ပြန်ကအသုံးချနိုင်သူဖြစ်ပါစေ။
လူတွေက Marketing လို့ပြောတယ်။ Marketing ကို ချစ်ရုံနဲ့ CMO မဖြစ်ဘူး၊ Marketer မဖြစ်ဘူး။ Marketing မှာ ကိုယ်က ဘယ်လောက်ထိ theory ကိုပိုင်နိုင်လဲ၊ ဘယ်လောက်ထိ creative ဖြစ်လဲဆိုတာက အရမ်းအရေးကြီးတယ်။
✍🏻 ၄။ အတွေးအခေါ်အရမ်းအရေးကြီးပါတယ်။
အောင်မြင်မှုတွေက မှန်ကန်တဲ့အတွေးအခေါ်တစ်ခုနဲ့ စတင်ပါတယ်။ ကျရှုံးမှုတွေကလည်း မှားယွင်းတဲ့အတွေးအခေါ်တွေကနေ စတင်ပါတယ်။ အောင်မြင်တဲ့သူ အောင်မြင်တဲ့အတွေးအခေါ်ဆိုတာ သူတို့ကိုယ်တိုင်အတွးအခေါ်နဲ့ သူတို့အဖွဲ့အစည်းရဲ့အတွေးအခေါ်ကို ပြောင်းလဲနိုင်တဲ့သူတွေဖြစ်ပါတယ်။
✍🏻 ၅။ အောင်မြင်မှု အိပ်မက်တွေအတွက် Entrepreneurship Mindset ရှိပါစေ။
ကိုယ်က Entrepreneurship mindset ရှိရမယ်။ Brave ဖြစ်ရမယ်၊ Bold ဖြစ်ရမယ်။
✍🏻 ၆။အောင်မြင်မှု အိပ်မက်တွေအတွက် MArketing Mindset ကိုမွေးမြူပါ။ ကျင့်သုံးပါ။
အောင်မြင်တဲ့သူတွေက Marketing as a strategy ကိုအကောင်းဆုံးအသုံးပြုပြီး Marketing mindset ရှိကာ maketing ကို အသုံးပြုပြီး အောင်မြင်မှု အိပ်မက်တွေကို ဘယ်လိုဖန်ဆင်းမလဲဆိုတာ ကောင်းကောင်းသိတဲ့သူတွေပါပဲ။
✍🏻 ၇။ လဲကျရင် ပြန်ထနိုင်တဲ့စွမ်းရှိပါစေ။
အလုပ်တစ်ခုကို စတင်ရဲတဲ့သတ္တိရှိပါစေ။ ဆုံးဖြတ်ချက် ပြတ်သားပါစေ။ တစ်ခါတစ်လေကျရင် စိတ်မပူနဲ့။ ဘာမှမလုပ်ရင် ဘာမှမဖြစ်တော့ဘူး။ကိုယ်ကလုပ်လိုက်လို့ မှားသွား တယ်ဆိုလဲ စိတ်မပူနဲ့။ ဘာလုပ်ရင်မှားမယ်ဆိုတာသိတဲ့အတွက် အမှန်ရဖို့အတွက် နည်းလမ်းပိုများလာတယ်။
✍🏻 ၈။ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင်သွားရဲတဲ့ သတ္တိရှိပါစေ။
ရပ်နေတဲ့သူက ဘာအလုပ်မှမလုပ်ရပဲ ရှင်သန်မှုတွေ ပျောက်ဆုံးနေတဲ့သူနဲ့အတူတူပါပဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တစ်ခုခုကိုလုပ်နေတဲ့သူက မှားနေရင်လည်း အောင်မြင်မှုအတွက် မလုပ်ရမယ်နည်းလမ်းတစ်ခုကို သိတဲ့သူဖြစ်လာမယ်။ မှန်သွားတယ်ဆိုရင်လည်း အောင်မြင်မှုခရီးလမ်းကို ပိုနီးကပ်တဲ့သူဖြစ်လာမယ်။ အဲ့ဒါကြောင့် ရပ်တန့်မနေပဲ တစ်ခုခုကို စတင်ရဲတဲ့သတ္တိရှိဖို့က အောင်မြင်ဖို့အတွက် အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။
✍🏻 ၉။ စျေးရောင်းတဲ့နေရာမှာ ကျွမ်းကျင်ပါစေ။
တကယ်အောင်မြင်ချင်ရင် စျေးရောင်းကောင်းတဲ့သူဖြစ်ဖို့လည်း အရေးကြီးပါတယ်။ကိုယ်က Effective Sales Person ဖြစ်ဖို့လည်း အရေးကြီးပါတယ်။အရေးကြီးဆုံးက personality နဲ့ business ကိုတွဲထားဖို့ပဲဖြစ်တယ်။
✍🏻 ၁၀။ ဘဝမှာ ပျော်ရွှင်မှုကို တန်ဖိုးထားတတ်သူဖြစ်ပါစေ
ကိုယ့်ပျော်ရွှင်မှုလည်း တန်ဖိုးထားပါ၊ သူများရဲ့ ပျော်ရွှင်မှုကိုတန်ဖိုးထားရမယ်။ ကိုယ့်အဖွဲ့အစည်းရယ်လိုဖြစ်လာရင် ကိုယ့် team member တွေရဲ့ပျော်ရွှင်မှု၊ စားသုံးသူတွေရဲ့ပျော်ရွှင်မှုကိုလည်းတန်ဖိုးထားရမယ်။ တန်ဖိုးသိသောသူ၊ တန်ဖိုးရှိသောသူ၊ တန်ဖိုးကို တန်ဖိုးထားတတ်သူဖြစ်ပါစေ။☘️
-------------------------------------------------
📚 ဘဝ၊ အောင်မြင်မှု၊ အိပ်မက်နဲ့အခက်အခဲဆိုတာ အမြဲဒွန်တွဲနေတဲ့အရာပါ။ တီချယ်ပို့အနေနဲ့လည်း ယုံကြည်တဲ့အိပ်မက်တွေအတွက်ကြိုးစားခဲ့ရသူပါ၊ အခုလဲ ကြိုးစားနေဆဲပါ။ အဲဒါကြောင့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြား အမြဲရှင်သန်အောင် နေထိုင်ကြိုးစားရုန်းကန်ခဲ့တဲ့ နေ့ရက်တွေကပေးတဲ့ သင်ခန်းစာ (၁၀) ခုကို ချစ်ရတဲ့လူတွေအတွက် ဝေမျှပေးခဲ့ပါတယ်ရှင်။ 🙏🏻
✨အိပ်မက်မက်ပါ ။
အိပ်မက်များကိုယုံကြည်ပါ
အိပ်မက်များကို အကောင်အထည်ဖော်ပါ။ ☘️
“မိုင်ပေါင်းများစွာဝေးတဲ့ ခရီးလမ်းဟာ ပထမဆုံးခြေတစ်လှမ်းကစပါတယ်။ “❤️
-------------------------------------------------
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အနေနဲ့လည်း စစ်မှန်တဲ့ပညာရေးနဲ့ ချစ်ရတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင်။ 🙏🏻🥰
မြန်မာလူငယ်များရဲ့ အိပ်မက်တွေနဲ့
စစ်မှန်သောပညာရေးအတွက်
အမြဲအသင့်ရှိနေလျက်...
လေးစားစွာဖြင့်
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲-𝐌𝐈𝐔🇲🇲

Пікірлер: 12
@user-di8jp4kv9d
@user-di8jp4kv9d
ကျေးဇူးပါ တီချယ် ပို့ရေ🥰🥰
@winmoetun9463
@winmoetun9463
ကျေးဇူးတင်ပါတယ်မမပို့ 🎉🎉❤❤🎉🎉
@phyumimithet7724
@phyumimithet7724
821 marketing strategies သိချင်ပါတယ်ချယ်ရေ🙏
@arkarhline5973
@arkarhline5973
ကျေးဇူးတင်ပါတယ်ဗျ
@user-zx4hp3rc9e
@user-zx4hp3rc9e
English စကားပုံကို ကြားခွင့် မှတ်သားခွင့်ရသည့် အတွက် ေကျးဇူး အထူး တင်ပါသည် ။
@hninnandar4198
@hninnandar4198
Thanks a lot with thanks & respect 😍😍
@nangayemonthant7571
@nangayemonthant7571
တီချယ်အသံဝင်နေတယိ..ကျန်းမာရေးလည်းဂရုစိုက်ပါချယ်ပို့❤
@KhinThanSwe-je9fw
@KhinThanSwe-je9fw
ကျေးဇူးတင်ပါတယ်ရှင့်
@ayethiridon8398
@ayethiridon8398
အနှစ်တွေချည်းပဲ ပြောပြပေးသွားလို့ ကျေးဇူးပါတီချယ်ပို့ “အရမ်းအဆင်ပြေတယ်လေ သိလား” လို့ပြောတာ ချစ်စရာလေး 😍🥰😘
@nanau3369
@nanau3369
english စာ က စုံစမ်းချင်ပါတယ်😊
@innginn396
@innginn396
တင်သမျှနားထောင်ဖြစ်ပါတယ် တီချယ်
🔸Things you need to know about Management for Effective Results🔸 Virtual Zoom Seminar
58:23
Ouch.. 🤕
00:30
Celine & Michiel
Рет қаралды 24 МЛН
A little girl was shy at her first ballet lesson #shorts
00:35
Fabiosa Animated
Рет қаралды 16 МЛН
ПРОВЕРИЛ АРБУЗЫ #shorts
00:34
Паша Осадчий
Рет қаралды 7 МЛН
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 10 МЛН
✨ လူငယ်တွေများသို့ ပေးစာ ☘️
15:18
Myanmar Imperial University - MIU
Рет қаралды 12 М.
Ouch.. 🤕
00:30
Celine & Michiel
Рет қаралды 24 МЛН