Рет қаралды 53,209
အရေးပေါ် တားဆေး သောက်သုံးရန် လိုအပ်တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။ အရေးပေါ် ကိုယ်ဝန်တားဆေး သောက်သုံးဖို့လိုတဲ့ အခြေနေတွေက လိင်မှုဆိုင်ရာ မတရားပြုကျင့်ခံရတာမျိုး ၊ ရေရှည်သားဆက်ခြားနည်းတစ်မျိုးမျိုး ဖြစ်တဲ့ သောက်ဆေး (သို့) ထိုးဆေး တို့ကို သုံးနေရင်းနဲ့မှ မေ့သွားတာမျိုး စတဲ့ အခြေအနေမျိုးတွေမှာ သုံးရပါတယ်။ အသေးစိတ်ကို အောက်က ဗီဒီယိုလေးထဲမှာ ရှုစားကြပါရှင်။