Рет қаралды 79,929
ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။
“ဥပ+ ဝသထ” ဟုပုဒ်ခွဲ၊ “ဥပ”- ညစာ မစားခြင်း၊ “ဝသထ”နေခြင်း၊ ညစာမစား ခြင်း၊ သူ့အသက်မသတ်ခြင်း၊ စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည် ၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့် ဟုခေါ်သည်။