Рет қаралды 221,207
အားလုံးဘဲမင်္ဂလာပါရှင့်
ဒီတခါတော့NaNaက(Osaka)အိုဆာကာမြို့မှာရှိတဲ့
(Korea Town )လို့ခေါ်တဲ့ ကိုရီးယားရပ်ကွက်လေးကိုသွားပီး ကိုရီးယားအစားအသောက်တွေနဲ့ ဘယ်လိုပုံစံမျိုးရှိလဲဆိုတာပတ်ပီးကြည့်ရင်းနဲ့ အားလုံးအတွက် Vlogလေးရိုက်ဖြစ်ခဲ့ပါတယ်😍
အစားအသောက်တွေက စျေးချိုပြီး အရသာရှိပါတယ်။
စျေးတန်းထဲကိုဝင်လိုက်တာနဲ့ ကိုရီးယားကားတွေထဲမှာမြင်ရတဲ့ စျေးတန်းထဲကိုရောက်သွားသလိုခံစားရစေပါတယ်။
အစားအသောက်တွေကတော့ ကိုရီးယားအစားသောက်တွေဖြစ်လို့ NaNaတို့လိုအစပ်ကြိုက်တတ်တဲ့ (မြန်မာ)တွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်🥰
ကဲအဲ့တော့ Korea Town ကဘယ်လိုပုံစံလေးရှိတယ်ဆိုတာ သိချင်ရင်တော့ ကိုယ်တိုင်ပဲဝင်ကြည့်လိုက်ပါတော့ရှင်
NaNaရဲ့ (おすすめ)recommend ပေးချင်တဲ့အစားအစာလေးကတော့ ヤンニョムチキンလို့ခေါ်တဲ့ Chicken Set ကြက်ကြော်လေးဘဲဖြစ်ပါတယ်။
စပ်စပ်လေးနဲ့ စားလို့အရမ်းကောင်းခဲ့ပါတယ်။
ကိုယ်ကြိုက်တဲ့ကိုကာကိုလာDrink 🥤 သောက်စရာလေးပါ အပါကိုမှ ယမ်း500ပဲရှိလို့ စျေးကတော့ရှယ်တန်ပါတယ်။
မရောက်ဖူးသေးရင် သွားစားကြည့်ကြဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
NANAရဲ့VLOG လေးကိုသဘောကျတယ်ဆိုရင်
Facebook မှာဆို Like &Share လေးလုပ်ပေးကြဖို့နဲ့KZbin မှာဆိုရင် Subscribe လေးလုပ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်
နောက်လဲ ဆက်လက်ပီး ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားစရာနေရာလေးတွေ ရိုက်ပြပြောပြသွားမယ်လို့လည်း စိတ်ကူးထားလို့ အားလုံးလဲ ဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါနော်