ော်လမြိုင်ကျွန်းမြိုနယ်တွင် စပါးခွံမြေသြဇာ စမ်းသပ်မူ့အောင်မြင်၍ တောင်သူများသုံးစွဲမူ့များပြားလာ

  Рет қаралды 21,801

True News

True News

Күн бұрын

မော်လမြိုင်ကျွန်းမြိုနယ်၊ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြိုနယ်တွင် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများနှင့်ပေါင်းစပ်၍ တောင်သူများမှစပါးခွံမြေသြဇာစမ်းသပ်ထုတ်လုပ်မူ့အောင်မြင်၍ ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်းနှင့် စပါးစိုက်ပျိုးရာတွင် များစွာအကျိုးမြတ်ရရှိသောကြောင့် အသုံးပြုသူစိုက်ပျိုးရေးတောင်သူများပိုမိုများပြားလာကြောင်းအောက်တိုဘာ (၅)ရက်နေ့က စိုက်ပျိုး ထုတ်လျက်ရှိသောတောင်သူများထံမှသိရသည်။
စပါးခွံမြေသြဇာသည် စိုက်ပျိုးရေးလုပ်ငန်းများကိုနှစ်ပေါင်းများစွာအသုံးပြုလာသောမြေကြီး၏အော်ဂဲနစ်မြေ ဆီလွှာများဆုံးရှုးပျက်စီးခြင်းကြောင့် စိုက်ပျိုးသီးနှံများအောင်မြင်မူ့နည်းပါးလာခြင်း၊စပါးအထွက်နှုးလျော့လာခြင်းနှင့်ဆန်စပါးအရည်အသွေးကျဆင်းလာမူ့များကိုကာကွယ်ပေးနိုင်သောကြောင့် တောင်သူများနှင့်ပေါင်းစပ်၍ စပါးခွံမြေသြဇာထုတ်လုပ် ခြင်းဖြစ်ကြောင်း၊ တောင်သူများ၏နွေစပါးစိုက်ပျိုးခြင်းရဲ့ယခင်တစ်ဧကအတွက်ယူအီးအားဓာတ်မြေသြဇာအသုံးပြုခြင်းကုန်ကျစားရိတ်ထက် စပါးခွံမြေသြဇာကိုအသုံးပြုခြင်းကြောင့် ကုန်ကျမူ့များစွာလျော့ချနိုင်ခြင်း၊ ကျမ်းမာရေအတွက်ပတ်ဝန်းကျင်ညစ်ညမ်းမူ့ကိုကာကွယ်နိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းမှအကျိုးရှိသောကမ်မီကယ်များအားစိုက်ပျိုးရေးတောင်သူများသုံးစွဲနိုင်ခြင်း၊နိုင်ငံတော်မှချမှတ်ထားသောစိုက်ပျိုးရေးGAPစနစ်ဖြစ်သောစိုက်ပျိုးရေးအလေ့ကျင့်ကောင်းများပြုလုပ်နိုင်ရေးဓာတုဗေဓလျှော့ချ၍စိုက်ပျိုးသီးနှံဆန်းစပါးများ အဟာရနှင့်ပြည့်ဝ၍ကျမ်းမားရေးနှင့်အညီစားသုံးနိုင်သဘာဝမြေသြဇာကိုအသုံးပြုခြင်းကြောင့်အကျိုးမြတ်များပြီGAPဆိုတဲ့စနစ်ကိုလဲရောက်ရှိလာမှာဖြစ်ကြောင်း တိုင်းဒေသကြီး၏ညွန့်ကြားမူ့ဖြင့်စပါးခွံဘိုကာရှီမြေဆွေးကိုကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်ရန် မြိုနယ်စိုက်ပျိုးရေးအမမူ့ဆောင်အရာရှိနှင့်အတူကျေးရွာရှိတောင်သူများထံလက်တွေကျကျအကောင်ထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊စပါးခွံမြေဆွေးပြုလုပ်ရန်အတွက် စပါးခွံ၊ယူရီးယား၊အီးအမ်(EM)၊ မဖောက်ထုံး၊ဖွဲနု၊တင်းလှဲရည်၊စသည်များကိုအချိုးကျပေါင်းစပ်ထုတ်ထားခြင်းဖြစ်ကြောင်း နှင့် ထုတ်လုပ်ပြီစပါးခွံမြေသြဇာကိုတိုင်းဒေသကြီးမှဓာတ်ခွဲစမ်းသပ်၍အသုံးပြုခွင့်ရရှိ ပြီး ဖြစ် ကွောငျးမြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးသိန်းဌေးမှပြောပြသည်။
ကျွန်တော်တိုလယ်သမားများအနေ့ဖြင့် သဘာဝစပါးခွံမြေသြဇာကိုအသုံးပြုရခြင်းကတော့ ယူအီးအား၊နိုက်ထရိုဂျင်ဓာတ်မြေသြဇာများသုံးစွဲခြင်းထက် ကုန်ကျစားရိတ်သက်သာခြင်း၊ပိုးမွားဖျက်စီမူ့နည်းပါးခြင်း၊စပါးအထွက်နှုန်းကောင်းမွန်း၍ လုံးပိန်လုံးညှပ်မရှိတဲ့အတွက်ဆန်ကြိတ်ခွဲရာမှာလည်း ဆန်သားထွက်နှုန်းပိုရရှိလာခြင်း၊မြေသားပြုပြင်ပေးခြင်းများတွင်များစွာအကျိုးရှိကြောင်း၊ယခင်နှစ်များထက်စပါးအထွက်နှုန်းပိုကောင်းလာပြီး ယခင်ဓာတ်မြေသြဇာများသုံးဆွဲရခြင်း၏ ထက်ဝက်ကျော်မျှငွေကြေး သက်သာစွာ လျော့ချအသုံးပြုနိုင်ခြင်းကြောင့်စိုက်ပျိုးရေးလုပ်ငန်းများတွင်ကျွန်တော်တိုကိုယ်တိုင်လက်တွေ့ကျကျအသုံး၍အောင်မြင်အကျိုးရှိသောကြောင့် စိုက်ပျိုးရေးတောင်သူလယ်သမားများလဲအသုံးပြုနိုင်ရန် တစ်အိပ်လျှင်(၃၀၀၀)ကျပ်ဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း စပါးတစ်ဧကအတွက်အိပ်အလုံးပေါင်း(၄၀)မှ(၅၀)အထိသာအများဆုံးအသုံးပြုရမှာဖြစ်ပါတယ်စပါးအထွက်နှုးတစ်နှစ်ထက် တစ်နှစ် ပိုမိုရရှိလာမှာဖြစ်ပါတယ်ဟုတောင်သူဦးဝင်းထွန်းမှပြောပြသည်။
ယခုမော်လမြိင်ကျွန်းမြိုနယ်၏အထက်ပိုင်းဖြစ်သော ကျော်ဇံကျေးရွာအုပ်စုတွင်စပါးစိုက်တောင် သူဦးတင်အောင်သန်းမှအသုံးပြု၍ထုတ်လုပ်ရောင်းချပြီး ၊မော်လမြိုင်ကျွန်းမြို၏အောက်ပိုင်းရေတွင်းကုန်ကျေးရွာအုပ်စု ဘဂ်လားလေးကျေးရွာတွင်စပါးစိုက်တောင်သူဦးဝင်းထွန်း မှကိုယ်တိုင်အသုံးပြု၍ထုတ်လုပ်ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။

Пікірлер: 10
@Cho-sw3bq
@Cho-sw3bq 5 ай бұрын
❤❤❤❤❤
@hlaoo4128
@hlaoo4128 Жыл бұрын
မဂ်လာပါဗျလေးစားပါတယ်ဗျ❤❤
@SoeNaing-i4x
@SoeNaing-i4x Жыл бұрын
Thanks
@TunTun-ev2kr
@TunTun-ev2kr 2 жыл бұрын
ကြည်္ရူသူပြုလုပ်နိုင်အောင်အစအဆုံးမတင်ဆက်နိုင်ဘူးလားဆရာသားချန်လို့မြန်မာပြည်ကြီးတိုးတက်နေတာကိုဝေအောင်သိလားသူကမှစေတနာနှင့်တင်ဆက်ပေးတာအီးအန်ငါးအမိုင်နိုဗိးဇက်ပဲဖက်နှမ်းဖက်အစရှိတဲ့နည်းတွေအသေးစိတ်ရှင်းပြတယ်စိုက်ပျိုးရေးသုတေသနကတော့ဗျာ္္္္္ပညာရှင်ပီသပါပေတယ်ထွီ္္္ဟာဟပါဘဲ
@SoeNaing-i4x
@SoeNaing-i4x Жыл бұрын
စပါးခွံအကြောင်းပြောရင်းကနေဖွဲပြာဆီရောက်သွားတယ်။ဖိုကထွက်တဲ့စပါးခွံဆိုတာ ဘာလည်း မရှင်းလို့ပါ။ဖိုကထွက်တာဖွဲပြာလား
@alinyaung8376
@alinyaung8376 2 жыл бұрын
ပြုလုပ်ပုံနည်းလေး
@komgmg2161
@komgmg2161 Жыл бұрын
စပါးခွန်မြေဆွေးကိုရခိုင်မှာဝယ်လို့ရပြီလားဗျာ
@naywin847
@naywin847 12 күн бұрын
နည်းပညာသမားတေကိုလေးစားပါတယ်ပိုးသတ်ဆေးမြေသြဇာကိုလက်နက်သဖွယ်အသုံးချတဲ့အနေနဲ့လက်မှတ်ထိုးစားနေတဲ့ဗျူရိုကရက်အရုရှိဆိုးတေကအာဏာနဲ့ပေါင်းစားတဲ့အရာရှိဆိုးတေကိုဖျက်ဆီးတိုက်ခိက်မှတောင်သူအမွဲသက်သာမည်
@TunTun-ev2kr
@TunTun-ev2kr 2 жыл бұрын
ပြုလုပ်ပုံအဆင့်ဆင့်ကိုမဖေါ်ပြလျင်လိုင်းပေါ်မတင်ပါနံ့
@MyintThein-j1b
@MyintThein-j1b 8 ай бұрын
လုပ်ပုံလုပ်နည်းပြပေးပါစကားပဲတတွတ်ပြောမနေပါနဲ့
Стойкость Фёдора поразила всех!
00:58
МИНУС БАЛЛ
Рет қаралды 7 МЛН
Это было очень близко...
00:10
Аришнев
Рет қаралды 2,9 МЛН
小天使和小丑太会演了!#小丑#天使#家庭#搞笑
00:25
家庭搞笑日记
Рет қаралды 58 МЛН
How I Turned a Lolipop Into A New One 🤯🍭
00:19
Wian
Рет қаралды 10 МЛН
အချိုမှုန့်ကို အပင်စိုက်ပျိုးခြင်းတွင် အသုံးချခြင်း
25:45
Стойкость Фёдора поразила всех!
00:58
МИНУС БАЛЛ
Рет қаралды 7 МЛН