Рет қаралды 36,317
ပြီးခဲ့တဲ့လွှတ်တော်မှာ ဦးပိုင်ကိစ္စနဲ့ အောက်ခြေတပ်မတော်သားတွေ မပြည့်စုံတဲ့ကိစ္စကို ထောက်ပြခဲ့လို့ သူရဦးရွှေမန်းရဲ့ သတိပေးတာခံခဲ့ရတဲ့ လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုဟာ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် လျာထားခြင်းခံထားရသူပါ။ သူဟာ ဒီမိုကရေစီအရေးတော်ပုံကြီးစတင်ကတည်းက အခုထိ နိုင်ငံရေးထဲ ခြေစုန်ပစ်လုပ်ခဲ့လို့ မိသားစုတာဝန်မကျေသူအဖြစ်လည်း စိတ်မကောင်းဖြစ်နေပါတယ်။