Рет қаралды 627,891
"သီတဂူဆရာတော် ဓမ္မသဘင်"
(စက္ခုဒါနအလှူအောင်ပွဲ၊ မိတ္ထီလာ)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၉-၈-၂၀၁၉ရက်နေ့၊ ည ၈:၀၀ နာရီအချိန်မှ စတင်၍ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာ၊ "ထီလာဦးစက္ခုဒါနဆေးရုံ" တွင် စက္ခုဒါနအလင်းအလှူအောင်ပွဲအဖြစ် ဆင်ယင်ကျင်းပပြုလုပ်သော သီတဂူဓမ္မသဘင်ကို ဟောကြား ချီးမြှင့်ပေးတော်မူပါသည်။
"ထီလာဦးစက္ခုအလင်း အလှူသတင်း"
-၁၇-၈-၂၀၁၉ မှ ၁၈-၈-၂၀၁၉ ကြည့်ရှုစစ်ဆေးလူနာပေါင်း - ၁၅၀ ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း - ၁၃၁ ယောက်။
-ယခုအကြိမ်သည် သီတဂူစက္ခုဒါနအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပထမအကြိမ်ဖြစ်ပြီး ထီလာဦးစက္ခုဒါနအဖြစ် (၁၂၅) ကြိမ်မြောက်လည်း ဖြစ်ပါသည်။
သီတဂူသာသနာပြုအဖွဲ့ အမှုဆောင်ဥက္ကဋ္ဌကြီး ဒေါက်တာဦးမြအောင်နှင့်အတူ မြန်မာနိုင်ငံမျက်စိဆရာဝန်များအသင်းမှ မျက်စိဆရာဝန် ညီအကိုမောင်နှမများဖြစ်ကြသော ...
ဒေါက်တာဦးအေးကို (မုံရွာ)
ဒေါက်တာဦးတင်ကိုကို (ပခုက္ကူ)
ဒေါက်တာဒေါ်မြတ်စုခင် (ရန်ကုန်)
ဒေါက်တာဒေါ်သန္တာထွန်း (မြင်းခြံ)
ဒေါက်တာဦးသိန်းဇော် (မိတ္ထီလာ)
ဒေါက်တာမိုးကေသွယ်အောင် (မိတ္ထီလာ)
တို့မှပညာဒါနပါဝင် အားဖြည့်ကူညီခွဲစိတ်ပေးကြပြီး စစ်ကိုင်း သီတဂူအာယုဒါန ဆေးရုံတော်မှ ဒေါက်တာဒေါ်မိမိခင်ဦးစီးတဲ့ဆေးရုံဝန်ထမ်းများလည်းလာရောက်ကူညီပံ့ပိုး ကုသိုလ်ယူပေးခဲ့ကြပါသည်။
ထို့အပြင် လူနာများအတွက် နေ့စဉ်ထမင်းဟင်းအဟာရကုသိုလ် လှူဒါန်းပေးခြင်း၊ လူနာများအား အိမ်တိုင်ယာရောက် ကြိုပို့ပေးခြင်းများအတွက် မလှိုင်မြို့ရှစ်မျက်နှာ ဆရာတော်ကြီးနှင့် ဗလငါးတန်အဖွဲ့၊ မလှိုင်မြို့မှ မိတ်ဆွေများ၊ထီလာမှ မိတ်ဆွေများကလည်း ပါဝင်ကုသိုလ်ယူပါသည်။
မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာအုပ်စု၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ထီလာမြို့နယ် ကင်းပွန်းခြုံကျေးရွာအုပ်စု၊ ညောင်ပင်လျိုကျေးရွာအုပ်စုများမှ ကျေးလက်နေလူတန်းစား အဖိုးအဖွါး မျက်စိဝေဒနာရှင်အများစုကို ကြည့်ရှုစစ်ဆေး ခွဲစိပ်ကုသပေးခဲ့ပါသည်။
ထပ်ဆင့် ဓမ္မဒါနပြုပါသည်။
!
~~~~
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့
~~~~
ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များ ( Zawgyi & Unicode )
/ @mogoksayadaw1744
တရားတော်များ
/ @moetayar
ထပ်ဆင့် ဓမ္မဒါနပြုပါသည်။
sitagu/livedhamma/videos/66/4824977364726/