ဘုရားဂုဏ်တော် (၉) ပါး တရားဂုဏ်တော် (၆) ပါး သံဃာ့ဂုဏ်တော် (၉) ပါး

  Рет қаралды 1,732

JaoJarng Li

JaoJarng Li

Күн бұрын

ဘုရားဂုဏ်တော် (၉) ပါး
အစိန္တေယျ အစိန္တေယျ အစိန္တေယျ၊ အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ၊ မကြံဆ မနှိုင်းယှဉ်နိုင်ကောင်းသော ဂုဏ်တော်ပေါင်းအန္တန်နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၁။ (က) အရဟံ၊ လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဥာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသောမြတ်စွာဘုရား။
၁။ (ခ) အရဟံ၊ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူပေသော မြတ်စွာဘုရား။
၁။ (ဂ) အရဟံ - လောဘ ဒေါသ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား။
၁။ (ဃ) အရဟံ - သံသရာစက်၏ ထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။
၁။ (င) အရဟံ - မျက်မှောက် မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူသော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါး ခပ်သိမ်းသော တရားတို့ကို သူတစ်ပါးထံ နည်းမခံဘဲ ကိုယ်တော်ဉာဏ် ဂုဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာမည်သော ဂုဏ်ထူး ၃-ပါး ဂုဏ်ထူးစ-ပါး၊ စရဏမည်သော အခြေခံအကျင့်တရား၁၅- ပါးတို့နှင့်ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၄။ (က) သုဂတော - သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွက်ဆိုတော်မူ တတ်ပေသော မြတ်စွာဘုရား၊
၎ (ခ) သုဂတော - မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် ကောင်းစွာ သွားခြင်း၊ ကောင်းစွာ ဖြစ်ခြင်း ရှိတော်မူပေသော မြတ်စွာဘုရား။
၅။ လောကဝိဒူ - လောက၏ အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
၆ (က) အနုတ္တရော - အမြင့်အမြတ်ဆုံးဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကြောင့် လောကဓါတ်အလုံး၌ အမြင့်အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၆ (ခ) ပုရိသဒမ္မသာရထိ - ယဉ်ကျေးလိမ္မာ ပညာအသိ မရှိကြသေး မပြည့်ဝသေး၍ ဆုံးမပေးထိုက်သော ပုဂ္ဂိုလ်တို့အား ယဉ်ကျေးလိမ္မာ ပညာပြည့်ဝ အချိုးကျအောင် ဆုံးမသွန်သင်တော်မူတတ်သော မြတ်စွာဘုရား။
၆ (ဂ) အနတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန် သင် ပဲ့ပြင် ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံးဖြစ်တော်မူပေသောမြတ်စွာဘုရား။
၇။ သတ္ထာ ဒေဝမနုဿာနံ - ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြ ဆုံးမတော် မူတတ်၍ လူနတ်တို့၏ ဆရာမြတ်အစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ - တရားအလုံးစုံကို အကုန်သိတော်မူပေသော မြတ်စွာဘုရား။
၉။ ဘဂဝါ - ဘုန်းတော်အနန္တ ကံတော်အနန္တ ဂုဏ်တော်အနန္တ တန်ခိုးတော် အန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
အရဟံ - အစရှိသော ကိုးပါးသောဂုဏ်တော် ဆယ်ပါးသောဂုဏ်တော် အနန္တဂုဏ် တော် ကျေးဇူးတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ မြတ်စွာဘုရား။
တရားဂုဏ်တော် (၆) ပါး
ဘဂဝတာ - မြတ်စွာဘုရားသည် ၊ အက္ခာတော - ဟောကြားတော်မူအပ်သော၊ဓမ္မော - တရားတော်သည်သွာက္ခာတောကိလေသာငြိမ်းကြောင်းကောင််းမွန်မှန်ကန်စွာဟော အပ်သောတရားတော်မြတ်ပါပေတကား။
သံဒိဌိကော - ကျင့်ကြံအားထုပ်လျှင်မျက်မောက်ကိုယ်တိုင်တွေ့မြင်နိုင် သောတရားတော်မြတ်ပါပေတကား။
အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ပဲအသင့်လက်ငင်းချက်ခြင်းအကြိုးပေး တတ်သောတရားတော် မြတ်ပါပေတကား။
ဧဟိပဿိကော - လာပါကြည့်လည့်ပါဟု ကျင့်ကြံအားထုပ်ရန်ဖိတ်မန်တိုက်တွန်း ထိုက်သောတရားတော်မြတ်ပါပေတကား။
သြပနေယိကော - မိမိသန္တံ၌တည်အောင်ကျင့်ဆောင်ထိုက်သောတရားတော် မြတ်ပါပေတကား။
ပစ္စတံဝေတိတဗ္ဗောဝိညူဟိ - တရားမြင်သိသိပညာရှိရှစ်ပါးအရိယာများသာလျှင် ကိုယ်တရားနှင့်ကိုယ်အသီးသီးသိမြင်ခံစားရသော တရားတော်မြတ်ပါပေတကား။
သွာက္ခာတအစရှိသောဤဂုဏ်တော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမဂ်လေးပါးဖိုလ်လေးပါနိဗ္ဗာန်ပရိယတ်အားဖြင့်ဆယ်ပါးသော တရားတော်မြတ်ကိုဘုရား တပည့် တော်သည်ရိုသေမြက်နိုး လက်စုံ မိုး၍‌ရှိခိုးပူဇော်ဖူးမြော်မာန်လျှောႉ၊ ကန်တော့ပါ၏ အရှင်ဘုရား။
သံဃာ့ဂုဏ်တော် (၉) ပါး
ဘဂဝတော - မြတ်စွာဘုရား၏၊
သာဝဂသံဃော - တပည့်သားအ ပေါင်းသံဃာတော် သည်၊
သုပ္ပတိပန္နော လောဘဒေါသမောဟ ကင်းကြောင်း သီလ သမာဓိ ပညာ အကျင့်ကောင်းကို ကောင်းစွာ ကျင့်တော်မူသောသံဃာတော် မြတ်ပါပေတကား
ဥဇုပ္ပဋိပန္နော - ကိုယ်နုပ်စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့် မှန်စွာကျင့်တော်မူသော‌‌သံဃာတော်မြတ်ပါပေတကား
ဥာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှါသင့်လျှော်စွာကျင့်
တော်မူသောသံဃာတော်‌‌မြတ်ပါပေတကား၊
သာမီစိပ္ပဋိပန္နော - သူများတကာပြုသည့်ရိုသေမှုနှင့် သင့်သင့်ထိုက်
တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်မြတ်ပါပေတကား
အာဟုနေယျော - အရပ်ဝေးမှသော်လည်း ဆောင်လာ၍ပေးလှူပူဇော်
ထိုက်ပေးလှူသည်ကိုခံယူတော်မူထိုက်သောသံဃာတော်မြတ်ပါပေတကား
ပါဟုနေယျော - ချစ်မြက်နိုးအပ်သည့်အည့်သယ်များအတွက်အထူး
ပြုပြင်ထားသောစားကောင်းသောက်ဖွယ်ကိုသော်လည်းပေးလှူ
ပူဇော်ထိုက်ခံယူတော်မူထိုက်သောသံဃာတော်မြတ်ပါပေတကား
ဒက္ခိနေယျော - နောင်တမလွန်သောအခါ၌ကောင်းကြိုးရမည်ဟု ယုံကြည့်၍ ပေးလှူသည်ကိုခံယူတော်မူထိုက်သောသံဃာတော် မြတ်ပါပေတကား
အဥ္ဇလီကရဏီယျော ကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည့်မြော်ကိုးလက်အုံ မိုး၍ ရှိခိုးထိုက်သော သံဃာတော်မြတ်ပါပေတကား
အနုတ္တရံပုညခေတ္တံလောကဿ - ကောင်းမှုအမျိုးမျိုးစိုက်ပျိုးရန်အလို့ငှာသတ္တဝါအ ပေါင်း၏ အကောင်းဆုံးလည်ယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကား
သုပ္ပဋိပန္နအစရှိသော ဤကိုးပါးသော ဂုဏ်တော်တို့နှင့်ပြည့်စုံ တော်မူသောမဂ္ဂဌံ ပုဂ္ဂိုလ်လေးပါးဖလဌံပုဂ္ဂုလ်လေးပါးအားဖြင့်ရှစ်ပါးသော အရိယာပုဂ္ဂုလ်အပေါင်း သံဃာတော်မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြက်နိုးလက်အုံမိုး၍ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ကန်တော့ပါ၏ မြတ်စွာဘုရား။
သာဓု သာဓု သာဓု

Пікірлер
World’s strongest WOMAN vs regular GIRLS
00:56
A4
Рет қаралды 45 МЛН
Players vs Pitch 🤯
00:26
LE FOOT EN VIDÉO
Рет қаралды 128 МЛН
ရတနာသုတ်
8:00
Hangan tharr
Рет қаралды 19 М.