Рет қаралды 26,321
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ကလည်း ALD ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ NLD ပါတီ ရွေးကောက်ပွဲဝင်ခဲ့လို့ NLD နဲ့ လမ်းခွဲခဲ့တဲ့ ဦးဒေးဗစ်လှမြင့်ဟာ ခုတော့ သူကိုယ်တိုင် ဘာကြောင့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်လာတာပါလဲ။ ခေါင်းဆောင်ဟောင်းကို ပြိုင်ဘက်အဖြစ် မဲဆန္ဒနယ်တစ်ခုတည်းမှာ ရင်ဆိုင်ရမယ့်အပေါ်နဲ့ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိခဲ့သူတချို့ NLD ပြိုင်ဘက်ဖြစ်လာတဲ့အပေါ် ထင်မြင်ချက်၊ ရွေးကောက်ပွဲအလားအလာနဲ့ ရည်မှန်းချက်တွေသိရဖို့ ဦးဒေးဗစ်လှမြင့်ကို ဘီဘီစီအကြီးတန်းသတင်းထောက် မအေးသူစံက ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် - ဝင်းကျော်သူ
ဘီဘီစီမြန်မာပိုင်း