Рет қаралды 59,977
“အစ်မဒေါ်အောင်ဆန်းစုကြည်က ကားပေါ်ကနေ ဆင်းပြီးလမ်းလျှောက်တဲ့အချိန်မှာ (စစ်တပ်က) တန်းစီပြီး ဒူးထောက် ထိုင်လိုက်ပြီးတော့ ဘက်နက်တွေပါတဲ့ သေနတ်တွေနဲ့ချိန်တာပေါ့နော်။ သူတို့စိတ်ထဲမှာတော့ ချိန်လိုက်ရင် ရပ်သွားကြမယ်လို့ထင်တာ။ ဒါပေမဲ့ အစ်မက ရောက်အောင် လျှောက်တယ်။ သူတို့ကလည်း ဘက်နက်ကြီးနဲ့အတင်းလာပြီးတော့ တားဖို့လုပ်တယ်။ ကျွန်မတို့ကလည်း လက်တွေနဲ့ပဲ သေနတ်တွေကိုတွန်းပြီးထွက်ကြတယ်။ အဲဒီအချိန်မှာ သူတို့(စစ်တပ်) ထဲက တစ်ယောက်က သူတို့လည်း အစ်မ အစ်မလို့ လိုက်ခေါ်တယ်။ ‘အစ်မ မသွားပါနဲ့အစ်မရယ်” ၊ “မသွားပါနဲ့အစ်မရယ်” ဆိုတော့ အစ်မက ကျွန်မကို ဖမ်းထားတာမဟုတ်ဘူး ကျွန်မက ဘာလို့ သွားခွင့်မရှိရမှာလဲ ဆိုတော့ နောက်ဆုံးတော့ ‘သွားပါ’ ဖြစ်သွားတယ်”
မသီတာ(စမ်းချောင်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်ခါစ ၁၉၈၈-၁၉၈၉ ခုနှစ် ဝန်းကျင် ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ်ရှိခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဥ်တွေမှာ အတူလိုက်ပါခဲ့သူ စာရေးဆရာမ၊ နိုင်ငံရေးအကျဥ်းသားဟောင်း မသီတာ(စမ်းချောင်း) ပြန်ပြောင်းပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ဘဝဖြတ်သန်းမှု အကြောင်း တစ်စေ့တစ်စောင်းကို ဒီရုပ်သံမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း