No video

ဒေါနတောင်တန်းပေါ်က မုလအိ စေတီတော်

  Рет қаралды 4,786

7Day TV

7Day TV

Күн бұрын

ဒီဇင်ဘာ-၃၁၊ ၂၀၁၉
ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်တန်း ဒေါနတောင်တန်းပေါ်မှာ တည်ထားတော်မူတဲ့ ဆံတော်ရှင်မုလအိ စေတီတော်ပဲ ဖြစ်ပါတယ်။
မြဝတီခရိုင် စုကလိမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကြားမှာ တည်ရှိတဲ့ မုလအိစေတီတော်မြတ်ဟာ တန်ခိုးကြီးထင်ရှားပြီး လာရောက်ဖူးမျှော်သူတွေ များပြားလှပါတယ်။
တစ်ချိန်က နယ်မြေဒေသမငြိမ်းချမ်းမှုတွေကြောင့် လာရောက်သူတွေနည်းပါးခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်ကာလတွေမှာ ဘုရားဖူးလာရောက်လည်ပတ်သူတွေ များပြားလာပါတယ်။
မြန်မာ ထိုင်းနယ်စပ်နဲ့လည်း သိပ်မဝေးတာကြောင့် ထိုင်းဘက်က ဘုရားဖူးတွေ အများဆုံး လာရောက်ဖူးမြော်ကြတယ်လို့လည်း သိရပါတယ်?
မုလအိဘုရားကို သွားရောက်နိုင်တဲ့ လမ်းနှစ်သွယ်ရှိပြီး မြဝတီ ဝေါ်လေလမ်းကနေတစ်ဆင့် စုကလိမြို့ကိုသွားတဲ့လမ်းခွဲကနေ တောင်ခြေက တနော်ထရွာအထိကို သွားရောက်နိုင်ပါတယ်။
တောင်ခြေက ကားဂိတ်ရောက်ရင်တော့ မုလအိတောင်တက်ကားတွေနဲ့ တောင်ထိပ်ထိကို တက်ရောက်နိုင်ပါပြီ။
မတ်စောက်ကွေ့ကောက်ပြီး ကြမ်းတမ်းလှတဲ့ တောင်တက်လမ်းကြမ်းတွေကြားမှာ ကားမောင်းချိန် ၂ နာရီ သာသာလောက်နဲ့ တောင်ထိပ်ကို ရောက်ရှိသွားမှာပါ။
ဒါပေမယ့် မုလအိတောင်ပေါ်ကို မတက်ရောက်ခင်မှာတော့ တောင်တက်လမ်းရဲ့ နားနေစခန်းတစ်ခုက ရေကန်မှာ ရေမိုးချိုးသန့်စင်ပြီးမှ တောင်ပေါ်ကို ဆက်တက်ရတာပါ။
နောက်ထပ်လမ်းတစ်ခုကတော့ ကျိုက်ဒုံမြို့ ကြိတ်ရွာကနေ ခြေလျင်တောင်တက်ခရီးနဲ့ တက်ရောက်ရတာပါ။
ပေပေါင်း ၆၀၀၀ ကျော်မြင့်မားတဲ့ တောင်ထိပ်ပေါ်ကို ရောက်ရှိရင်တော့ လေတဖြူးဖြူးနဲ့ ခန္ဓာကိုယ်ကို တိုးတိုက်လာပြီး အအေးဓာတ်တွေက လွမ်းခြုံလာပါပြီ။
ဘုရားဖူးခရီးသည်တွေအတွက် ဘုန်းကြီးကျောင်းဆောင်ဇရပ်တွေမှာ ဝင်ရောက်တည်းခိုနိုင်ပြီး စတုဒီသာထမင်းဟင်းနဲ့လည်း ဧည့်ခံကျွေးမွေးနေတာပါ။
မုလအိတောင်ထိပ်ပေါ်မှာ ထုံးဖြူဖြူနဲ့ စေတီနှစ်ဆူရှိပြီး အမြင့်ဆုံးတောင်ထိပ်ပေါ်က စေတီကတော့ ယောကျာ်းလေးသာ တက်ရောက်ခွင့်ရတာပါ။
အောက်ဘက်က တစ်ဆူကတော့ မိန်းကလေးတွေ ဖူးရတဲ့စေတီပဲဖြစ်ပါတယ်။
မုလအိတောင်ဟာ သက်သတ်လွတ်နယ်မြေတာဖြစ်တာကြောင့် အသားငါးတွေ ယူဆောင်လာလို့မရပါဘူး။
မဟုတ်တာတစ်ခုခုလုပ်မိရင်တော့ ချက်ချင်း မိုးအုံ့လာပြီး မိုးကြိုးတွေပစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မုလအိစေတီတည်ရှိရာ ဒေါနတောင်ထွတ်ပေါ်က မုလအိစေတီတည်ရှိရာ နေရာဒေသတစ်ဝိုက်မှာ တောရိုင်းတိရိစ္ဆာန်တွေရှိနေကြပြီး တောတောင်လည်းထူထပ်တာပါ။
နယ်မြေတည်ငြိမ်အေးချမ်းလာမှုကြောင့် မုလအိဘုရားကို ကရင်ပြည်နယ်က ဘုရားဖူးတွေသာမက တခြားရပ်ဝေးကပါ လာရောက်ကြတာရှိတယ်လို့ မုလအိမှာနေထိုင်တဲ့ ရသေ့တစ်ပါးက အခုလိုပြောပြပါတယ်။
မုလအိဘုရားနဲ့အတူ နာမည်ကြီးတဲ့ နောက်ထပ်ဘုရားတစ်ဆူကတော့ မုလအ ဘုရားပဲဖြစ်ပါတယ်။
မုလအ ဘုရားဟာ စုကလိမြို့အရှေ့ဘက်နားမှာတည်ရှိပြီး လာရောက်လည်ပတ်သူတွေ နည်းပါးလှပါတယ်။
တစ်ချိန်က နယ်မြေ ဒေသမငြိမ်းချမ်းမှုတွေနဲ့ တောင်တက်လမ်းအနေအထား ဆိုးရွားလွန်းတာလည်းပါတာဖြစ်ပါတယ်။
အရင်က မုလအ ဘုရားကို ထိုင်းဘက်ကနေ ပတ်သွားရတာဖြစ်ပြီး မြန်မာဘက်ခြမ်းမှာတော့ သွားလို့မရပါဘူး။
ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာဘက်ခြမ်းက တောင်တက်လမ်းကို ပြန်လည်ပြုပြင် ရှင်းလင်းလိုက်တာကြောင့် အခုခါမှာတော့ တောင်ထိပ်ပေါ်ကို တက်ရောက်နိုင်ပါပြီ။
ဒါပေမယ့် မုလအိတောင်တက်လမ်းလိုမဟုတ်ပဲ မုလအ တောင်တက်လမ်းဟာ ကားတစ်စီးစာသာ တက်ရောက်နိုင်ပြီး အလွန်မတ်စောက်လှပါတယ်။
တစ်ချို့ကားသမားတွေကတော့ မုလအတောင်တက်လမ်းကို သိပ်မမောင်းရဲကြပါဘူး။
မုလအတောင်ထိပ်မှာတော့ ဘုရားနှစ်ဆူနဲ့ ကျောင်းဆောင်တစ်ဆောင်သာ ရှိတာပါ။ ဒါ့အပြင် ရေအရမ်းရှားပါးတယ်လို့လည်း သိရပါတယ်။
မုလအိ မုလအဘုရားဟာ ကရင်ပြည်နယ်မှာ တန်ခိုးကြီးထင်ရှားတဲ့ ဘုရားတွေထဲမှာ ပါဝင်တာပါ။
ကေအန်ယူနဲ့ ဒီကေဘီအေအဖွဲ့တို့ NCA ထိုးပြီးတဲ့နောက်ပိုင်းမှာ အဆိုပါဒေသတွေဘက်မှာ ထိတွေ့ပစ်ခတ်မှုတွေမရှိတော့တာကြောင့် နယ်မြေတည်ငြိမ်းအေးချမ်းလာခဲ့တာပါ။
ငြိမ်းချမ်းရေးရောင်ခြည် အလင်းတန်းတွေနဲ့အတူ မုလအိ မုလအ ကို ဘုရားဖူးသူတွေ လာရောက်လည်ပတ်နိုင်တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv

Пікірлер: 4
@htetshin926
@htetshin926 3 жыл бұрын
ရောက်ရပါလို၏
@htetshin926
@htetshin926 3 жыл бұрын
ကပ်ရောဂါပြီးဆုံးရင်လာခဲ့ပါဦးမည်
@nilarwin136
@nilarwin136 2 жыл бұрын
မြဝတီရောက်ပေမယ့်မုလအိဘုရားမဖူးရသေးဘူး အေးချမ်းတဲ့တစ်နေ့ ဖူးခွင့်ကြုံရပါစေ🙏🙏🙏
这三姐弟太会藏了!#小丑#天使#路飞#家庭#搞笑
00:24
家庭搞笑日记
Рет қаралды 118 МЛН
6 September 2024
9:21
Nway Myanmar Channel
Рет қаралды 7 М.
စာကလေးခွေ...Fried Bean crips
2:19
Haymar Aung
Рет қаралды 25 М.
Ellora Caves, Maharashtra, India  [Amazing Places 4K]
8:58
Amazing Places on Our Planet
Рет қаралды 2,5 МЛН
How to win a argument
9:28
ajaxkmr
Рет қаралды 506 М.
Michael Fairfowl Teenchallenge Belfast
13:01
Teenchallenge Belfast
Рет қаралды 599
The Mask Singer Myanmar Official Live Stream
The Mask Singer Myanmar Official
Рет қаралды 44 М.
这三姐弟太会藏了!#小丑#天使#路飞#家庭#搞笑
00:24
家庭搞笑日记
Рет қаралды 118 МЛН