Digital Marketing အတွက် ဘယ်သင်တန်းတွေတက်လို့ရလဲ?

  Рет қаралды 50

Alex Khine

Alex Khine

Күн бұрын

Q: Digital Marketing အတွက် Skill ဖြည့်ချင်တာပါ။ ဘယ်မှာတက်လို့ရနိုင်ပါသလဲ
A: ကျွန်တော် ဒီမေးခွန်းကို (၁၃၇) ခါလောက်လည်းဖြေဖူးတယ်ပေါ့နော်။ ကျွန်တော်ဖြေတိုင်းဖြေတိုင်းက နံပါတ် (၁) Marketing ကိုတက်ဖို့အတွက်ကိုပဲ ကျွန်တော် အမြဲတမ်း အမြဲတမ်း အမြဲတမ်း အမြဲတမ်းပေါ့နော် အကြံပေးလေ့ရှိတယ်။ Marketing Fundamentals တွေ၊ Marketing ရဲ့ အခြေခံတွေ၊ Marketing ရဲ့အကြောင်းအရာတွေကို အရင်ဆုံးလေ့လာပြီးပြီလားပေါ့နော်။ သိပြီလားပေါ့လေ။ Digital ဆိုတာက tool ပဲကိုသိတယ်မလား ဥပမာ- Facebook မှာ ဘာလုပ်မှာလဲ၊ Instagram မှာဘာလုပ်မှာလဲ၊ Tiktok မှာဘာလုပ်မှာလဲ၊ ဘယ်လို features မျိုးတွေသုံးမှာလဲ.. That’s all tools တွေဗျာ၊ tools တွေ right. အဲတော့ အဲဒီ tools တွေကို ဥပမာ. ထားပါတော့ ကျွန်တော်တို့ spray paint ပေါ့လေ၊ ဆေးမှုတ်တဲ့ ဘူးတစ်ဘူးပေးလိုက်တယ်ဆိုလို့ရှိရင် ဘယ်လိုဆေးမှုတ်ရမှန်းမသိဘဲနဲ့ အောက်ခံဆေးဘာမှုတ်ရမယ်၊ သိတယ်မလား ပြီးလို့ရှိရင် အပေါ်ကဘာဆေးထပ်မှုတ်ရမယ် ဆိုတဲ့ဟာမျိုးမသိဘဲနဲ့ ဆေးဘူးတစ်ဘူးတည်းကိုင်ပြီး ကြောင်ပျောက်နေတာထက်စာလို့ရှိရင်က ဆေးမှုတ်တဲ့ပညာကိုတော့ အရင်ဆုံးတတ်သင့်တယ်လို့တော့မြင်တယ်။ ဆိုတော့ အဲအတိုင်းပဲ ကျွန်တော်လည်းဒီမှာ အကြံပေးချင်တာက Marketing ကိုမသိသေးဘူးဆိုလို့ရှိရင် Marketing အရင်တက်ပါ။ ကျွန်တော့်ရဲ့ Career path တစ်ခုလုံးမှာပေါ့နော်..ကျွန်တော့်ရဲ့ အလုပ်တစ်လျှောက်လုံးမှာ ကျွန်တော်တက်ခဲ့ဖူးတာဆိုလို့ Strategy First ပဲရှိတယ်။ ကျွန်တော့်ဆရာ ကိုအောင်ချစ်ခင်နဲ့ ကျွန်တော့်ဆရာမ Eileen နဲ့ ကျွန်တော့်ကိုသင်ပေးခဲ့တဲ့ဟာတွေ ကြောင့်ပဲကျွန်တော် ဆက်စပ်ဆက်စပ်ဆက်စပ် လေ့လာရင်းနဲ့ပဲ ဒီအခြေအနေမျိုးကျွန်တော်ဖြစ်လာတာပါ။ ဒီအခြေအနေမျိုးမှာလည်း ဘာမှသိတာမဟုတ်သေးပါဘူး။ ကျွန်တော်ဆက်ပြီးတော့ learn လုပ်နေရတဲ့ဟာတွေအများကြီးပဲ။ အထူးသဖြင့် အခုထိုင်းမှာဆိုလို့ရှိရင်လည်း ထိုင်းရဲ့တစ်ခြားတစ်ခြားသော platform တွေကို ကျွန်တော် learn လုပ်နေရတဲ့ဟာတွေအများကြီးပဲ။ ဒါပေမယ့်ကျွန်တော်ပြန်ပြန်ပြီးတော့ ချိန်ကြည့်လို့ရတာက ထိုင်းမှာလဲဒီ Marketing fundamentals နဲ့ ပတ်သက်တဲ့ ဟို..ဘယ်လိုခေါ်မလဲ.. customer journey ကထွက်မသွားဘူး။ Awareness, Interest, Decide or Desire, Advocate right.. AIDA model ကထွက်မသွားဘူး။ ဆိုတော့အဲဒီ AIDA မှာပဲ customer တွေကဘယ်နားက awareness ရနေတာလဲ၊ offline ကလား၊ roadshow တွေကလား၊ events တွေကလား၊ Facebook ကလား၊ TikTok ကလား၊ Instagram ကလား၊ Line ကလား ဘယ်ကရနေတာလဲ ဆိုတဲ့ဟာမျိုးကျွန်တော်တို့သိရတယ်။ ပြီးတော့ သူတို့ဘယ်လိုဆုံးဖြတ်လဲ ဘယ်လိုစဉ်းစားလဲ၊ ပြီးရင်ဘာလုပ်တာလဲ ပြီးရင်ဘာလုပ်တာလဲ ပြီးရင်ဘာလုပ်တာလဲ ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့ကသိရတဲ့အချိန်မှာ ဟုတ်ပြီ..ကျွန်တော်တို့ အဲဒီ fundamentals ကိုပြန်ပြီးတော့ ကျွန်တော်တို့ အခြေခံကို ပြန်သွားရတယ်။ ဘယ် Marketing campaign ပဲလုပ်လုပ်. ပြီးတော့ customer တွေရဲ့ sentiment ပြီးလို့ရှိရင် ကျွန်တော်တို့ brand တွေရဲ့ SWOT တွေ၊ PESTLE တွေ အဲဒါတွေအကုန်လုံးက ကျွန်တော်တို့ Marketing basic တွေမှာ ပါပြီးသား။ ကျွန်တော်တို့ အခုမှ ထိုးထွက်ပြီးတော့ ဖြစ်နေတာလည်း မဟုတ်ဘူးပေါ့နော်။ ဆိုတော့ အခြေခံတွေမှာ ပါပြီးသား ဆိုတဲ့အချိန်မှာ ကျွန်တော်ကတော့ အကြံပေးချင်တာက အခြေခံကို အရင်ဆုံးတက်ပါ။ ဘယ်မှာတက်လို့ရလဲ မေးရင်တော့ ကျွန်တော်ခုနကပြောသလိုပဲ ကျွန်တော့်ရဲ့ Marketing Principles အသိပညာတွေအားလုံးက ကျွန်တော့်ဆရာ ကိုအောင်ချစ်ခင် Strategy First မှာသင်ပေးခဲ့တဲ့ဟာတွေအကုန်လုံးပါပဲ။ ဆိုတော့ ကျွန်တော့်ကိုလာပြီးတော့ recommend တောင်းတယ်ဆိုလို့ရှိရင် Strategy First ပဲကျွန်တော်ပြန်ပြီးတော့ အကြံပေးရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် Strategy First ကလွဲပြီး တစ်ခြားဘယ်သင်တန်းမှ မတက်ဖူးဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ဆယ်တန်းပြီးခါစက KMD တက်တာတောင်မှ KMD ကအဲဒီဘာလဲ ITCS, ITCS ကလည်း ပြောရမယ်ဆိုလို့ရှိရင် networking တွေဘာတွေညာတွေနဲ့ပဲပိုပြီးသွားတာပါ။ ဒီလိုမျိုးဘယ်လိုခေါ်မလဲ Marketing ဆိုပြီးတော့ဖြစ်နေတာမှမဟုတ်တာ။ ဆိုတော့ ကျွန်တော်အကြံပေးချင်တာက Strategy First မှာပဲသွားပြီးတော့တက်ဖို့အတွက်ကို အကြံပေးချင်တယ်။ Digital Marketing ကလည်းကျွန်တော်ဘယ်ကတက်ခဲ့တာလဲဆိုတော့ ဆရာမ Eileen ရဲ့ Digital Marketing class တွေကနေပြီးတော့ ကျွန်တော်တက်တာပါ။ ဆိုတော့ ဒီမှာလည်း ဘယ်လိုခေါ်မလဲ Digital Marketing သီးသန့်ကိုပဲလုံးဝ မရဘူး.တက်ချင်တယ်ဆိုလို့ရှိရင်က Meta ရဲ့ Blueprint ရှိတယ်။ Google ရဲ့ Think with Google ရှိတယ်။ TikTok ရဲ့ TikTok Academy ရှိတယ်။ ပြီးတော့ LinkedIn ရဲ့ LinkedIn Learning ရှိတယ်။ အဲမှာအကုန်ရှိတယ်။ LinkedIn Learning တစ်ခုကလွဲပြီးတော့ ကျန်တဲ့သုံးခုက free သင်လို့ရတယ်။ Right..There you go. အဲတော့ အဲမှာသွားတက်ရင်တော့ platforms တွေကသင်ပေးတာအတွက်ကြောင့်တော့ ကိုယ့်အတွက်က အများကြီး ပိုပြီးအဆင်ပြေနိုင်တယ်လို့တော့ ယူဆပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

Пікірлер
How to Succeed When Failure Isn’t an Option | Iky Chan
43:51
Learnit Training
Рет қаралды 620
这三姐弟太会藏了!#小丑#天使#路飞#家庭#搞笑
00:24
家庭搞笑日记
Рет қаралды 118 МЛН
Violet Beauregarde Doll🫐
00:58
PIRANKA
Рет қаралды 48 МЛН
Whoa
01:00
Justin Flom
Рет қаралды 54 МЛН
WILL IT BURST?
00:31
Natan por Aí
Рет қаралды 41 МЛН
Digital Marketers တွေဘာလုပ်ရလဲ?
4:38
这三姐弟太会藏了!#小丑#天使#路飞#家庭#搞笑
00:24
家庭搞笑日记
Рет қаралды 118 МЛН