ဒေါက်ကစားခြင်း (အခြေခံ) ၊ Dart Manipulation (Basic)

  Рет қаралды 7

Muyar Lin

Muyar Lin

Күн бұрын

ဒေါက်ကစားခြင်း( အခြေခံ )
Dart Manipulation ( Basic)
------------------------------
ဒေါက်ကစားခြင်းဆိုသည်မှာ အင်္ကျီတစ်ထည်ပုံစံကျလှပနေရန်အတွက် အရေးပါသောပက်တမ်ဆွဲနည်းနှင့် ချုပ်နည်းတို့ဖြစ်ပါသည်။ ခန္ဓာကိုယ်အတွက်ပိုနေသောပိတ်စများကို ဖယ်ထုတ်ပြီး ဝတ်ဆင်သူ၏ကိုယ်ခန္ဓာအလှကို အထောက်အပံ့ပေးသော ပညာရပ်တစ်ခုဖြစ်ပါသည်။ ဒေါက်၏အနေအထားနှင့် ဒေါက်ပုံချွန်ထွက်နေသော ချုပ်ရိုးများသည် ဝတ်ဆင်သူ၏အလှကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ပေးနိုင်ပါသည်။ ပက်တမ်တစ်ခုကို ဒေါက်ကစားခြင်းကြောင့် သပ်ရပ်သည့်ဒီဇိုင်းတစ်ခု၊ ချပ်ရပ်ပြီးအဆင်လှသောအဝတ်အထည်တစ်စုံကို ရရှိနိုင်ပါသည်။
ဒေါက်ဆွဲနည်းနှင့် ဒေါက်ကစားသည့်နည်း အမျိုးမျိုးရှိပါသည်။ မည်သည့်နည်းကို အသုံးပြုသည်ဖြစ်စေ ဒေါက်ကစားခြင်း၏အဓိကရည်ရွယ်ချက်မှာ ဝတ်ဆင်သူ၏ ခါး၊ တင်၊ ရင်တို၏အလှကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့အတူပင် ခန္ဓာကိုယ်၏ဖုံးကွယ်လိုသောအစိတ်အပိုင်းနေရာများအတွက်လည်း ပက်တမ်တစ်ခုကို ဒေါက်ကစားပြီး ပြုပြင်ယူနိုင်ပါသည်။ အသုံးပြုနိုင်သောနည်းလမ်းတို့မှာ ဒေါက်လှည့်ခြင်း၊ ဒေါက်ပြောင်းခြင်းနှင့် ဒေါက်ဖျောက်ခြင်းတို့ ဖြစ်သည်။
ယခုဗွီဒီယိုဖိုင်သည် ဒေါက်ကစားပုံနည်းလမ်းများနှင့်ပတ်သက်သော အခြေခံအကြောင်းအရာများကို ပြောပြထားခြင်းဖြစ်ပါသည်။ စက်ချုပ်ပညာကိုလေ့လာနေသူအနေနှင့် ကျမသိထားသောပညာရပ်တစ်ခုကို မျှဝေပေးခြင်း ဖြစ်ပါသည်။ ပညာရပ်တစ်ခုကို ပြောပြရာတွင် လိုအပ်ချက်နှင့်အမှားများပါရှိနေပါကလည်း ကျမ၏စေတနာအမှားများကို ကောင်းကျိုးရှေးရှု၍ ပြုပြင်ပေးနိုင်ကြပါတယ်ရှင်။
#muyarlin
#dart
#myldart
* ဒီလ(October)လေးက ကျမရဲ့သမီးကြီး မွေးလဖြစ်ပါတယ်။ သမီးမွေးနေ့အတွက်ရည်ရွယ်ပြီး ပြုလုပ်ဖြစ်တဲ့ ပညာဒါနဗွီဒီယိုဖိုင်ဖြစ်ပါတယ်ရှင်။
* ဗွီဒီယိုဖိုင်အတွင်းမှာ အသုံးဖြစ်ခဲ့သောပုံများအတွက် မူရင်းပိုင်ရှင်များကို လေးစားစွာဖြင် Credit ပေးပါတယ်ရှင်။

Пікірлер
Ozoda - Lada (Official Music Video)
06:07
Ozoda
Рет қаралды 14 МЛН
How do Cats Eat Watermelon? 🍉
00:21
One More
Рет қаралды 10 МЛН
Win This Dodgeball Game or DIE…
00:36
Alan Chikin Chow
Рет қаралды 37 МЛН
From Small To Giant Pop Corn #katebrush #funny #shorts
00:17
Kate Brush
Рет қаралды 70 МЛН
RVT2 Live Stream
2:00:20
RVT2
Рет қаралды 414
လည်ပင်းအတွန့်
4:51
Muyar Lin
Рет қаралды 95
စက်ချုပ်မှတ်စု
2:51
Muyar Lin
Рет қаралды 28
Ozoda - Lada (Official Music Video)
06:07
Ozoda
Рет қаралды 14 МЛН