Рет қаралды 152,330
ဒုက္ခသည်စခန်းကနေ အာရှရဲ့ ရုပ်ရှင်ပွဲတော် စင်မြင့် ထက် အထိ ခြေလှမ်းခွင့်ရခဲ့တဲ့ ကရင် တိုင်းရင်းသူလေး
တောင်ကိုရီးယားမှာ ကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ မြန်မာ ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေတဲ့ အသက် ၁၁ နှစ် အရွယ် အမျိုး သမီး ငယ်လေး တစ်ဦး ရှိပါတယ်။ သူကတော့ ကရင်တိုင်းရင်းသူ မာသာထူးဝါးပါ။ သူဟာ ပြိုင်ပွဲရဲ့ အသက် အငယ်ဆုံး အဆိုရှင်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ တုန်းက ပြိုင်ပွဲမှာ လည်း အဆင့် ၄ အထိ ရခဲ့ဖူးပါတယ်။
ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ မာသာထူးဝါးဟာ တောင်ကိုရီးယားနိုင်ငံ Busan ဘူဆန် မြို့မှာ ပြီးခဲ့တဲ့ နှစ်က ကျင်းပခဲ့တဲ့ အာရှတိုက်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာလည်း အဖွင့် တေးသီချင်း သီဆိုခွင့် ရခဲ့ပါတယ်။
ကိုရီးယား ရုပ်သံလိုင်း အစီအစဉ်တွေ မှာလည်း ပါဝင်ဖူးတဲ့ မာသာဟာ လာမယ့်၂၀၂၀ အောက်တိုဘာ မှာ ကျင်းပဖို့ စီစဉ်နေတဲ့ တောင်ကိုရီးယား ရဲ့ နာမည်ကြီး ယဉ်ကျေးမှုစုံ ပွဲတော် MAMF အတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်က တောင်ကိုရီးယားမှာ မိသားစုနဲ့အတူ အခြေချနေထိုင်ပြီး ပညာသင်ကြားရင်း သူဝါသနာပါတဲ့ သီချင်းအဆို ပညာနဲ့ ဂစ်တာ သင်တန်းတွေတက်ရောက်နေတဲ့ မာသာထူးသာက သူ့ အနာဂတ် ရည်မှန်းချက် အကြောင်း ဘီဘီစီကို ပြောပြထားပါတယ်။ ရုပ်သံမှာ ကြည့်နိုင်ပါပြီ။
မေးမြန်း - ရီရီအောင်၊ တည်းဖြတ် - မေသဇင်လဲ့ (ဘီဘီစီမြန်မာပိုင်း)
#ဘီဘီစီမြန်မာပိုင်း #ကရင် #မြန်မာ #ဒုက္ခသည် #ရွှေ့ပြောင်းအခြေချသူ #အမျိုးသမီး #လူငယ်