Рет қаралды 174,558
ဒူးနာနေပါသလား?
.
.
.
ဒူးနာတဲ့ လက္ခဏာ၊ ဖြစ်ပွါးမှု နဲ့ ကာကွယ်နည်း အစုံစုံကိုလေ့လာပြီးပြီလား?
.
.
.
ဒူးနာတဲ့ လက္ခဏာတွေက ဘာတွေလဲ?
.
- ပူခြင်း၊
- နီခြင်း၊
- နာခြင်း၊
- ယောင်ခြင်း၊
- အားပျော့ခြင်း၊
- ဒူးက အသံထွက်ခြင်း၊
- ဆန့်မရဖြစ်ခြင်း။
.
.
.
ဘယ်အချိန်ဆရာဝန်ပြရမလဲ?
.
၁။ ကိုယ်အလေးချိန် မထိန်းနိုင်
၂။ ပြင်းပြင်း ထန်ထန်ဒူးယောင်နေတာ
၃။ ဒူးကို အဆုံးထိဆန့်လို့မရတာ၊ အဆုံးထိကွေးလို့မရတာ
၄။ အဖျားရှိပြီး ဒူးမှာ ပူတာ၊ နီတာ၊ ယောင်နေတာ
၅။ ပြင်းထန်တဲ့ဒူးနာတာဖြစ်ပြီး ဒဏ်ရာလည်းရဖူးတာ
.
.
.
ဘာကြောင့်ဖြစ်တာလဲ?
.
၁။ ဒဏ်ရာကြောင့်
- ACL Injury (ဒူးခေါင်းအဆစ်ကိုတွယ်ထားတဲ့အရွတ် ဒဏ်ရာရ)
- Fractures (အရိုးကျိုးတာ)
- Torn meniscus (ဒူးခေါင်းနှစ်ခုကြားက plate ပြားလေးပြဲတာ)
- Patellar tendinitis (ဒူးအဖုံးမှာရှိတဲ့အရွတ်ယောင်တာ)
.
၂။ ကိုယ့်အလေးချိန်တက်လာတာ
၃။ အရိုးအဆစ်ယောင်တာ
၄။ လေးဘက်နာကြောင့် အရိုးနာတာ
၅။ Gout ရောဂါကြောင့်
၆။ Pseudogout လို့ခေါ်တဲ့ ဒူးခေါင်းထဲမှာ Calcium Crystal လေးတွေဖြစ်နေလို့နာတာ
၇။ ပိုးဝင်ပြီးအရိုးယောင်တာ
.
.
.
ဒူးနာတာ ဘယ်လိုကာကွယ်မလဲ?
.
၁။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းထားဖို့လိုပါတယ်။
၂။ သက်တောင့်သက်သာ ရှိတဲ့ ဖိနပ်လိုပါတယ်။
၃။ ခြေထောက်၊ တင်ပစုံ နဲ့ ကျောရိုးမှာရှိတဲ့ ကြွက်သားကို သန်မာအောင် လုပ်ဖို့လိုပါတယ်။
၄။ ခြေထောက်ကို ဖြေးဖြေးမှန်မှန် အကွေးအဆန့်လုပ်သင့်ပါတယ်။
၅။ ဒူးထောက်ရင် မာကျောတဲ့ကြမ်းပြင်မှာမထောက်မိပါစေနဲ့။
.
.
.
ဒီ Video ကိုကြည့်ပြီး အကျိုးကျေးဇူးရှိတယ်ဆိုရင် Like & Share လုပ်ပေးဖို့ အကြံပြုလိုပါတယ်။
.
.
ကျနော် ဒေါက်တာထက်ဝင်းရဲ့ ကျန်းမာရေး Video တွေကို KZbin မှာကြည့်ချင်ရင်တော့ အောက်က Link ကို Subscribe လုပ်နိုင်ပါတယ်။
.
/ @dochtat
.
.
.
ကျနော် ဒေါက်တာထက်ဝင်းရဲ့ ကျန်းမာရေး Video တွေကို TikTok မှာကြည့်ချင်ရင်တော့ အောက်က Link ကို Follow လုပ်နိုင်ပါတယ်။
.
/ drhtetwin