Рет қаралды 81,463
ဒီနေ့ကတော့ တစ်အိမ်လုံးအသည်းစွဲ ဒူးရင်းသီးကြော် စားတဲ့နေ့ပါ။ မနှစ်ကဒူးရင်းရာသီမှာ ဒူးရင်းသီးတစ်လုံးမှ ဝယ်မစားလိုက်ရတော့ ဒီနှစ်တော့ မစားလို့မရဘူးဆိုတဲ့စိတ်နဲ့ ဝယ်စားလိုက်တာ စျေးတွေကခေါင်ခိုက်နေရော ။ ဒူးရင်းပင်စိုက်ထားတာလည်း တစ်ပင်ကပိုးကျ တစ်ပင်က မရှင်တော့ ဝယ်စားမှပဲရတော့မယ်။
မြိုင်တို့ တစ်အိမ်လုံးကဒူးရင်းသီးဆို တန်းတန်းစွဲလေ အဲတော့ဝယ်ရင်လည်း မနဲမနောဝယ်ရမှာဆိုတော့ နည်းနည်းဝယ်ပြီ များများစားလို့ရအောင် ဆန်ပြားလေးနဲ့လိပ် ချိစ့်လေးထည့်ပြီး ကြော်လိုက်တာ မွှေးအိဆိမ့်နေတာပဲ။ ကြော်ပြီး ပူပူလေးစားရင် ရှယ်ကောင်းတာနော် ဗမာပါးစပ်နဲ့တော့ ကွက်တိ ကြွပ်ကြွပ်လေးနဲ့ အရမ်းကောင်းပဲ