Рет қаралды 444,947
“ရဲက အမှန်တော့ အနှိမ်ခံပါ လူတွေကို ကူညီချင်ရင်တောင် အပေါ်ကို မော့ကြည့်ပြီး ကူညီလို့ဖြစ်ပါ့မလားဆိုပြီး ကြောက်နေရတယ်”
ဦးဌေးဦး(စိန်ဂျွန်း) - အမျိုးသားလွှတ်တော်အမတ်
“ကချင်ပြည်နယ်မှာဆို ရဲစခန်းနဲ့နီးတဲ့ နေရာနားမှာတင် ဘိန်းတို့ မူးယစ်ဆေးရောင်းဝယ်တာတို့ ပိုများနေပါတယ်”
လယ်မယ်တား - လီဆူ အရပ်ဖက်လူမှုအဖွဲ့အစည်း(ကချင်)
“ရဲတပ်ဖွဲ့ရဲ့ နိစ္စဓူဝ တာဝန်ခံရတာ ဘယ်သူ့ကိုတာဝန်ခံရလဲ လို့ မေးစရာရှိတယ်။ တာဝန်ခံမှု အပိုင်းမှာ ရောထွေးမှုတော့ ရှိနေတယ်လို့ ပြောလို့ရတယ်”
ဦးရဲမျိုးဟိန်း - ဘုတ်အဖွဲ့ဒါရိုက်တာ၊ တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့
“ထရိန်နင်မှာ စစ်တပ်နဲ့ နွယ်နေတဲ့ ထရိန်နင်တွေ လျှော့ချရမယ်။ စစ်တပ်မှာ အကယ်ဒမီထောင်သလို ရဲတပ်ဖွဲ့အကယ်ဒမီ ထောင်ရမယ်။”
ရဲမှူးချုပ် ၀င်းခေါင် (ငြိမ်း)
“ရဲတွေ ပြုပြင်ပြောင်းလဲမှုလုပ်တာက အပေါ်ပိုင်းလုပ်တာဖြစ်နေတယ်။ ပြည်သူတွေနဲ့ ထိတွေ့နေတာက အောက်ခြေရဲတပ်ဖွဲ့ဝင်တွေ အမှုစစ်တွေ သူတို့က ပြုပြင်ပြောင်းလဲမှုမှာ အားနည်းနေတယ်။ အမှုစစ်ကိုယ်တိုင်က လုပ်ထုံးလုပ်နည်း မလိုက်နာဘူး၊ သက်သေဖျောက်တာတွေ အမှုတိုင်စာ ပြောင်းရေးတာတွေ တွေ့တယ်”
ဒေါက်တာ ညိုညိုသင်း - ရန်ကုန်တိုင်းဒေသကြီး အမတ်ဟောင်း
DVB TV - 14.05.2017