Рет қаралды 266,849
DVB Debate - "ဒီမိုကရေစီ အောက်ခြေအထိ ရောက်ပြီလား?"
“ကျနော်တို့ လည်းကျနော်တို့ သမိုင်းအရ ထိုက်သင့်တဲ့မှတ်တမ်းမှတ်ရာတွေရှိခဲ့ပြီးပြီ။ ဒီမိုကရေစီ နဲ့ ပက်သက် တဲ့ အခွင့်အရေးတွေ၊ ပွင့်လင်းမြင်သာတဲ့ Citizen Budget လိုဟာမျိုးတွေကို ကျနော်တို့ တွေကစ ပေးခဲ့တာပဲ။ ကျနော်တို့ ပြဌာန်းတဲ့ဥပဒေတွေက စပ်ကူးမတ်ကူးကာလဖြစ်တဲ့အတွက်ကြောင့် အတော်လေးပြင်ဆင်ခဲ့တယ်။ အတော်လေးကို အခက်အခဲ အကြပ်အတည်းကြားက ရအောင်လုပ်ခဲ့တယ်။ “
ဦးအောင်ချိုဦး (ဒု-ဥက္ကဌ ပဲခူးတိုင်းအနောက်ခြမ်း၊ (ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ)
“ဒီမိုကရေစီရဲ့ အကျိုးခံစားခွင့်ကို ကျမတို့ လို ဥပဒေသမားတွေဖြစ်တဲ့ ရှေ့နေတွေတောင်မှ မခံစားရဘူးဆိုရင် ဥပဒေအသိပညာအားနည်းတဲ့ အောက်ခြေပြည်သူတွေက အဝေးကြီးပဲ။ ဒီမိုကရေစီကအောက်ခြေထိ လုံးဝ မရောက်သေးဘူး”
ဒေါ်အေးသန္တာ (မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း)
ဒီမိုကရေစီအောက်ခြေထိရောက်ဖို့ အတွက်တော့ ၂၀၀၈ဖွဲ့ စည်းပုံအရ ကန့် သတ်တားဆီးတာတွေ အများကြီး ရင်ဆိုင်ရဦးမယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေအရမြို့နယ်၊ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ခန့် အပ်ခံရတဲ့ ၀န်ထမ်းတွေ နဲ့  ပဲဖွဲ့ စည်းထားတာဖြစ်တယ်။ အဲဒါတွေကို၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးလမ်းကြောင်းသွားပြီးမှသာ ပိုမိုပြီး တော့ ပြည်သူလူထုထိ ဒီမိုကရေစီပျံနှံနိုင်မယ်လို့ ထင်ပါတယ်။ “
ဦးကျော်ဇေယျ (NLDလွှတ်တော်အမတ်၊ ပဲခူးတိုင်းဒေသကြီး)
“ပြည်သူနဲ့ သဟဇာတမဖြစ်ခြင်းဟာ Power Corrupt ပဲ။ အာဏာရှိလာရင်တော့ အဲဒီလူဟာ ပျက်စီးခြင်း ကိုရောက်သွားတတ်တယ်။ အာဏာရဲ့ အရသာကိုခံစားပြီးတော့ ပျက်စီးသွားတာမျိုး အများကြီးရှိပါတယ်။“
ဒေါက်တာခင်မောင်ညို (စာရေးဆရာ)
“၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြတိုက်ပို့ မှသာလျှင် ပြည်ထဲရေးကို လွန်ဆန်လို့ ရလိမ့်မယ်။ ခု ဒီမိုကရေစီက အတုအယောင်ကြီးဖြစ်နေလို့ အောက်ခြေထိ ဒီမိုကရေစီမရောက်သေးပါဘူး”
ပရိသတ် ဦးကျော်ဆန်း (နိုင်ငံရေးအကျဉ်းသားဟောင်း)
DVB TV - 28.01.2018