Рет қаралды 39,304
အခုတင်ဆက်မည့် အကြောင်းအရာကတော့ အီဂျစ်ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရား တွေအကြောင်းပဲဖြစ်ပါတယ်။
ဒါကို ကျွန်တော်တို့ Gods of Egypt ရုပ်ရှင်နဲ့ ဂိမ်းတစ်ခုဖြစ်တဲ့Assasin Creed ရဲ့ နောက်ဆုံးထွက် ဂိမ်း တွေ့ခဲ့ရပြီးပါပြီ။
ဒါပေမယ့်အခု တင်ပြသွားမည့်အကြောင်း အရာကတော့လူသိနည်းတဲ့ နတ်ဘုရာတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
အီဂျစ်တွေရဲ့ လူ့အဖွဲ့အစည်းဟာတော်တော်ကြီးကို ရှုပ်ထွေးပြီး သူတို့ကိုးကွယ်တဲ့ဘာသာကလည်း တော်တော်ကြီးကိုရှေးကျပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ အိုစိုင်းရစ်(osiris)၊ ဟိုးရတ်စ်(horus)နဲ့ အိုက်စစ်(isis)တို့ကိုတော့သိပြီးကြပါပြီ။
ဒါပေမယ့် အီဂျစ်သမိုင်းပညာရှင်နဲ့ အီဂျစ်တွေရဲ့ ကိုးကွယ်မှုအကြောင်းတွေ အမြဲတမ်းလေ့လာသူတွေကလွဲရင် တော်တော်လေးကို မသိတဲ့ ရှေးကျတဲ့ဘုရားတွေလည်း အီဂျစ်မှာရှိပါတယ်။