Рет қаралды 361,638
ကမ္ဘာပေါ်မှာ စီးပွားရေးအလုပ်တတ်ဆုံး ဂျူးလူမျိုးတွေပြောတဲ့ စီးပွါးရေးလျှို့ဝှက်ချက်နည်းလမ်းများ
ကမ္ဘာ့ရွှေတွင်းကြီးလို့ တင်စားခေါ်ဝေါ် ခြင်းခံရတဲ့ ဂျူးလူမျိုးဟာ ကမ္ဘာမှာ စီးပွားရေး အလုပ်တတ်ဆုံး လူမျိုးဖြစ်သလို အချမ်းသာဆုံး လူမျိုးလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ဂျူးလူမျိုး စုစုပေါင်း ၁၆ သန်းခန့်ရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၀.၃% ပါ။ ဒါပေမဲ့ ကမ္ဘာ့ အချမ်းသာဆုံး သူဋ္ဌေးတွေထဲမှာ ဂျူးလူမျိုး ၅၀% အထိ ပါ၀င်ပါတယ်။
ဂျူးတို့ဟာ အမေရိကန်နိုင်ငံရဲ့ လူဦးရေ ၃%သာပါ၀င်ပေမဲ့အမေရိကန် အချမ်းသာဆုံး လုပ်ငန်းရှင်အုပ်စုထဲမှာ ၂၅% အထိပါ၀င်ပါတယ်။
သူတို့ ဘာကြောင့်အဲလောက်ထိ အောင်မြင်ရတာလဲ။ အားလုံးနီးပါး ကုသိုလ်ကောင်းခြင်းကြောင့် ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ စာစုဖြစ်ဖြစ်၊ ဆောင်းပါးဖြစ်ဖြစ် သူတို့ အောင်မြင်တဲ့ လျို့ ဝှက်ချက်ကို ပုံဖေါ် နိုင်လိမ့်မည် မဟုတ်ပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် စီးပွားရေးကို အာရုံစိုက်ပြီး ဖေါ်ဆောင်တော့မည့် ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်များအဖို့ လေ့လာသင့်ပါတယ်။
ဒီဗီဒီိယိုထဲမှာ ပါ၀င်တဲ့ အကြောင်းအရာများနဲ့ သဘောတရားများဟာ စာဖတ်သူတို့ရဲ့ အယူအဆနဲ့ ဆန့်ကျင်ကောင်းဆန့်ကျင်ပါလိမ့်မယ်။ ဒါပေမဲ့ လေ့လာတဲ့နေရာမှာ တူညီတာကို ယူပြီး မနှစ်သက်တဲ့ အချက်များကို ဖယ်ရှားထားလို့ ရပါတယ်။
ဂျူးလူမျိုးတို့ဟာ ကမ္ဘာမှာ စီးပွားရေး အကျွမ်းကျင်ဆုံး လူမျိုးဖြစ်ပါတယ်။ သမိုင်းမှာ သူတို့ဟာ ဒေသစွဲ သိပ်မရှိပဲ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ နေထိုင်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း အဖိနိပ်ခံရပြီး အပယ်ခံလူမျိုး ဖြစ်ခဲ့ဖူးပါတယ်။
သမိုင်းမှာ သူတို့ဟာ ကိုယ်ပိုင်မြေမရှိ၊ ကိုယ်ပိုင်နိုင်ငံမရှိတဲ့အတွက် အနင်ထုတ်ခံရတယ်။ အဖိနှိပ်ခံခဲ့၊ ငြင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့က စီးပွားရေးမှာ အလွန်ထူးချွန်လေတော့ စီးပွားရေး အရ သူတို့ကို အားကိုးရတတ်ပြန်ပါတယ်။ ယခုအခါ သူတို့ ကိုယ်ပိုင်နိုင်ငံ ရှိနေပါပြီ။ သူတို့ဟာ အမေရိကန်အပါအ၀င် အချို့ နိုင်ငံများရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးကို ကိုင်လုပ်နိုင်နေဆဲပါ။
ဂျူးတို့မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အယူအဆနဲ့ ဥပဒေသတွေရှိတယ်။ လေ့လာကြည့်ရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ