Рет қаралды 22,392
ဒီဗီဒီယိုလေးမှာတော့ စက်ဘီးအမျိုးအစားတွေအကြောင်းကို အကြမ်းဖျင်းလေးပြောပြပေးထားပြီး၊ အဝေးနင်းဖို့အတွက် ဘယ်လိုစက်ဘီးမျိုးတွေ သင့်လျော်မလဲဆိုတာလေးကို ကျနော့် နင်းခဲ့ဖူးတဲ့ ဘီးတွေနဲ့ပတ်သက်ပြီးရရှိလာတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီးပြောပြပေးထားပါတယ်ခင်ဗျာ။
မှတ်ချက် - ဒီဗီဒီယိုလေးထဲမှာ ကျနော်ပြောပြရန်ကျန်ခဲ့သော ဂီယာအကြောင်း၊ ဖရိန်ကိုပြုလုပ်သော သတ္တုအကြောင်းအကြမ်းဖျင်းလေးကို အောက်မှာရေးပြပေးထားပါတယ်ခင်ဗျာ။
၁။ MTB or 700c ဘီးတွေကို ဝယ်တော့မယ်ဆိုရင် Gear set အနည်းဆုံး ရှေ့ ၂ အနောက် ၈ (သို့မဟုတ်) ရှေ့၃ အနောက်၈ အနည်းဆုံးပါသော ဘီးမျိုးကိုသာ ရွေးချယ်ပါခင်ဗျာ။
၂။ ဖရိန်ကိုပြုလုပ်သော သတ္တုထဲတွင် အကြမ်းဖျင်းအားဖြင့် သံနှင့် Alloy ဆိုပြီး ၂မျိုးရှိတတ်သည်။ အကြမ်းဖျင်းကွာခြားချက်မှာ အလေးချိန်ဖြစ်ပါသည်။
ဒီအောက်ကလင့်ခ်လေးကတော့ စက်ဘီးအကြောင်းရေးထားသော Link လေးပါခင်ဗျာ
bit.ly/3znvY0A