Рет қаралды 7,746
စစ်ခေါင်းဆောင်ကို ဝရမ်းထုတ်၊ ဖမ်းဆီးရန် ကိုရီးယားရောက် မြန်မာများ တောင်းဆို
------------
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) က ဝရမ်းထုတ်ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အတွက် တောင်ကိုရီးယားရောက် မြန်မာတွေက ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့က ဘူဖြောင်းမှာ မြန်မာနိုင်ငံသား ၂၀၀ ကျော် စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတကာက အရေးယူဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီသံရုံးမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမရတဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထောက်ခံချက်ပေးခဲ့တာကြောင့် တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုထားပါတယ်။
သတင်း၊ တင်ဆက် - မြတ်ကြီး