စစ်ကြီးထဲမှာပန်းတွေပွင့်တဲ့အခါ(ချောသွင်)

  Рет қаралды 99

Poems & Readers Channel  (DREAMS)

Poems & Readers Channel (DREAMS)

Күн бұрын

စစ်ကြီးထဲမှာပန်းတွေပွင့်တဲ့အခါ
~~~~**~~~~~~
စစ်ကြီးထဲမှာပန်းတွေပွင့်တဲ့အခါ
လူတိုင်းဟာ ပြုံးနိုင်ရယ်နိုင်ကြပါလိမ့်မယ်။
ဒီမှာတစ်ခင်း
ဟိုမှာတစ်ခင်း
လှချင်းတိုင်းလှနေတဲ့ပန်းကလေးတွေ
စစ်ကြီးထဲမှာပွင့်လာကြအုံးမှာပါ။
တင့်ကားတွေ
ချေမှုန်းရေးရိုင်ဖယ်တွေ
လေယာဉ်ပျံတွေထက်စာရင်
ပန်းတစ်ပွင့်ကိုပိုမြင်ချင်ကြတာမဟုတ်လား။
စစ်ကြီးထဲမှာချစ်ရမယ်လို့
ဘယ်သူထင်မှာလဲခင်နှင်းဆီရဲ့။
သောကတွေဝိုင်းနေတဲ့ယုဇနပန်းခင်းထဲ
တိမ်တွေကိုငေးကြည့်ရတာလည်းအရသာပဲ။
ကော်ဖီတစ်ခွက်သောက်ရင်း
စီးကရက်ဖွါနေရတာလည်းအရသာပဲ။
မခင်နှင်းဆီပါးမှာပွင့်တဲ့ပန်းတွေကို
တပ်မက်စွာနမ်းရှိုက်ရတာလည်း အရသာပါပဲ။
ဒီလိုပဲပေါ့မခင်နှင်းဆီရယ်
ဆေးစက်ကျရာအရုပ်ထင်ကြရတာပေါ့။
ညနေခင်းတွေဟာလှနိုင်လွန်းတယ်မခင်နှင်းဆီ
ကျွန်တော့်ပုခုံးပေါ်က မခင်နှင်းဆီရဲ့ဆံနွယ်စတွေကို
တစ်ဘဝလုံးပိုင်ဆိုင်ရမယ်လို့
ကျွန်တော်ထင်ခဲ့ဖူးတယ်။
စွဲလန်းတပ်မက်ခြင်းဟာ ကုစားရခက်တဲ့ရောဂါပါပဲ။
အိပ်မက်တွေဆီကကျွန်တော်လန့်လန့်နိုးတော့
ကျွန်တော့်တဲရဲ့ပြတင်းတံခါးမှာ
ကြယ်တွေဆုံတဲ့ညကိုရှာတွေ့တယ်။
မခင်နှင်းဆီပြောသလိုပေါ့
ကြယ်တွေရဲ့အလင်းရောင်ဟာ
ကျွန်တော်တို့နဲ့တွေ့ဖို့
အလင်းနှစ်သန်းပေါင်းများစွာဖြတ်သန်းလာပါသတဲ့။
မခင်နှင်းဆီနဲ့တွေ့ဖို့ရော
ဘယ်နှဘဝများဖြတ်သန်းလာရမလဲ။
ဗင်းဆင့်ဗန်ဂိုးရဲ့ နေကြာပန်းများကို
တစ်ဝကြီးငေးချင်တဲ့မခင်နှင်းဆီ
ဇော်ဇော်အောင်ရဲ့ ယုဇနခင်ခင်ပျိုကို
သိပ်သဘောကျတဲ့မခင်နှင်းဆီ
စစ်ကြီးထဲမှာပွင့်တဲ့
ကျွန်တော့်ရဲ့မခင်နှင်းဆီ။
မခင်နှင်းဆီရေ
ဒီမှာတစ်ခင်း
ဟိုမှာတစ်ခင်း
လှချင်တိုင်းလှနေတဲ့ပန်းကလေးတွေ
စစ်ကြီးထဲမှာပွင့်လာကြအုံးမှာပါ။
မကြွေကျသွားဖို့တော့
ကျွန်တော်တို့ဘယ်လိုတားနိုင်ပါ့မလဲ။
#ချောသွင်
#poems
#saiphyowai
#revolution
#ကဗျာရသ #ကဗျာရသ#Poems #Poetry #SimerjeetSingh #Motivation #MotivationalPoem #MotivationalPoetry #MyanmarPoems

Пікірлер
သို့....မမနုကြည် (ဆန်းကျော်စွာဝင်း)
22:51
Poems & Readers Channel (DREAMS)
Рет қаралды 3,8 М.
The Joker wanted to stand at the front, but unexpectedly was beaten up by Officer Rabbit
00:12
Секрет фокусника! #shorts
00:15
Роман Magic
Рет қаралды 113 МЛН
Magic or …? 😱 reveal video on profile 🫢
00:14
Andrey Grechka
Рет қаралды 86 МЛН
အိမ်ကလေးလိုတယ်(ဆောင်းဦးသွင်)
4:07
Poems & Readers Channel (DREAMS)
Рет қаралды 35
Spring Waltz (Mariage d'Amour) Chopin - Tuscany 4K
12:40
Classical Relaxation 4K
Рет қаралды 17 МЛН
ဆောင်းဦးလှိုင် // Best of Saung Oo Hlaing
25:58
The Joker wanted to stand at the front, but unexpectedly was beaten up by Officer Rabbit
00:12