Рет қаралды 827,417
စစ်မှုမထမ်းမနေရဥပဒေကြောင့် နေရပ်စွန့်ခွာမယ့်လူငယ်တွေ ဘာတွေသိထားသင့်သလဲ
~~~
■ စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာဖို့ပြင်ဆင်နေကြသလို တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ဖို့ ချိတ်ဆက်နေတာတွေ အများအပြား ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာလည်း ထောင်နဲ့ချီတဲ့လူငယ်တွေ ဗီဇာရဖို့ လျှောက်ထားတာတွေရှိခဲ့ပါတယ်။ တော်လှန်ရေးအင်အားစု တစ်ခုစီတိုင်းကိုလည်း ရာနဲ့ချီတဲ့လူတွေ ဆက်သွယ်မေးမြန်းနေတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာနေပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားသူတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ်က လုံခြုံရေးအရ တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ဘယ်လိုအကြံပြုထားပါသလဲ။ RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
____________
Subscribe ▶ bit.ly/2ajgBxf
မိုဘိုင်းအက်ပ် ▶ smarturl.it/RF...
ဝဘ်ဆိုက် ▶ www.rfa.org
ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
တွစ်တာ ▶ / rfaburmese
အင်စတာဂရမ် ▶ / rfaburmese
တယ်လီဂရမ် ▶t.me/rfaburmes...
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)