Рет қаралды 32,344
အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ အရ ဒြပ်ထုကြီးမားတဲ့ အရာဝတ္ထုတွေ ရွှေ့လျှား သွားတဲ့ အခါ အချိန်နဲ့ ဟင်းလင်းပြင် (Space-time) ထဲမှာ လှိုင်းဂယက်တွေ ထလာပါတယ်။ ဒါကို ဆွဲအားလှိုင်း (Gravitational waves) တွေလို့ အိုင်းစတိုင်းက အမည်ပေးခဲ့ပါတယ်။ ဒီ ဆွဲအားလှိုင်းတွေ ရှိကြောင်းကို သူဟောကိန်းထုတ်ပြီး နှစ် ၁၀၀ ခန့် အကြာမှ ပညာရှင်တွေ ဖမ်းယူပြီး ဟုတ်မှန်ကြောင်း သက်သေပြ နိုင်ခဲ့ ကြပါတယ်။ အခုအခါ စကြာဝဠာရဲ့ နောက်ခံမှာ အမြဲ ရွှေ့လျှားနေတဲ့ ဆွဲငင်အား လှိုင်းတွေ ရှိကြောင်းကိုပါ ပညာရှင်တွေ ရှာဖွေ တွေ့ရှိလာပြီး ဖြစ်ပါတယ်။
---------------------
ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို အောက်ပါ website မှာလဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🔗 science.tinytechnotes.com
Facebook 👉 / myanmarscien. .
Telegram channel 👉 t.me/Mmscientist
Twitter 👉 / mmscience_blog