စန္ဒယား လှထွဠ် ရဲ့ အလှသစ္စာတရား။ အနုပညာဟူသည်။ ဝေဘင်ရေး ဟူသည်။

  Рет қаралды 537

General knowledge

General knowledge

Күн бұрын

ဉီးစွာ ဘုရားကိုကျေးဇူးတင်ပါတယ်။
ကြည့်ရှုသူအားလုံးလဲ ဘုရားသခင်ကောင်ကြီးမဂ်လာတွေခံစားရပါစေခင်ဗျား။
စကားအပြောအဆိုအမှားများစွာရှိပါ၍ဦးစွာတောင်ပန်အပ်ပါသည်။
Performances Art
​ • လန်ဒန်ပြတိုက်ထဲက မြန်မ...
Abstract Art Soe Naing
vt.tiktok.com/...
ဝေးသွားတဲ့အခါ
sharevideo1.com...​
အလှသစ္စာတရား
sharevideo1.com...​
J Fire
sharevideo1.com...​
ခြိမ့်ကေကို
sharevideo1.com...​
မာရဇ္ဇ
sharevideo1.com...​
ရေမွန်
sharevideo1.com...​
စန္ဒရားလှထွတ်သည် ၁၉၃၆ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၌ အဖ ဦးစံထူး (မြန်မာထူး)၊ အမိ ဒေါ်မြတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက် အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်း လှထွတ် ဖြစ်သည်။
ငယ်စဉ်က စစ်ပြီးခေတ်တွင် (၁၉၄၇ ခုနှစ်မှ ၁၉၅၁ အထိ) ရန်ကုန်မြို့၊ မြို့မ အမျိုးသား အမျိုးသမီးကျောင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာများ စတင် သင်ကြားခဲ့ပြီး၊ (၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ) ရန်ကုန်မြို့၊ အမှတ် (၁) အစိုးရ အထက်တန်းကျောင်း (ယခင် ဟိုက်စကူးကျောင်း)၌ အထက်တန်းပညာ ဆက်လက် သင်ကြားရင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် (ရန်ကင်းကောလိပ်) နှင့် မန္တလေး တက္ကသိုလ်များတွင် ဥပစာ (ဒုတိယနှစ်) အထိ ပညာ သင်ကြားခဲ့သည်။ ထိုအချိန် ကာလတွင် စန္ဒရားလှထွတ် အမည်ဖြင့် မြန်မာ့အသံ ဂီတလောက၊ ပြဇာတ်လောက၊ ကျောင်း၊ ကောလိပ် တက္ကသိုလ်၊ အနုပညာ လောကများ၌ အောင်မြင်နေသော ဂီတ ပညာရှင် ဖြစ်သည်။
စန္ဒရားလှထွတ်သည် ၁၉၆ဝ ခုနှစ်များ တဝိုက်တွင် ဂီတပညာရှင်၊ သီချင်းရေးဆရာ၊ ရုပ်ရှင် ဂီတမှူးအဖြစ် ထင်ရှား အောင်မြင်နေစဉ် အခြားတဖက်တွင် စာပေလက်ရာ ဆောင်းပါးများ၊ (နောင်ဘာသာပြန် ဝတ္ထုတိုများ) အထိ ရေးသားခဲ့သည်။ ဂီတ မဂ္ဂဇင်းများ ဖြစ်သော သောတရှင်၊ ဂီတပဒေသာ ဂီတမဂ္ဂဇင်းများတွင် ဂီတသင်္ကေတ ဆောင်းပါးများ ရေးသားပြီး၊ စောင်းဦးဘသန်းနှင့် တွဲဖက်၍ 'ဂီတသင်္ကေတ ပညာ' စာအုပ်၊ သူ၏ 'တေးသင်္ကေတ' စာအုပ်၊ နောက် 'စန္ဒရားလှထွတ် ဘဝနှင့် တေးများ' စာအုပ် ထုပ်ဝေခဲ့သည်။
ထို့နောက် စန္ဒါရုပ်စုံ မဂ္ဂဇင်းတွင် 'မြန်မာဂီတ ရေစီးကြောင်း' ဆောင်းပါးများ အခန်းဆက် ရေးသား တင်ပြရင်း မိုးဝေ၊ မဟေသီ၊ ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ စာပေဂျာနယ်၊ အတွေးအမြင်၊ ရနံ့သစ်၊ မင်္ဂလာ မဂ္ဂဇင်းများတွင် ဆက်လက် ရေးသားခဲ့သည်။ နောင် ၁၉၉၅ ခုနှစ်တွင် နေရီရီ စာပေတိုက်မှ 'မြန်မာ့ဂီတ ရေစီးကြောင်း' စာအုပ် ထုတ်ဝေခဲ့ရာ ထိုနှစ်မှာပင် အမျိုးသား စာပေဆု 'သုတ စာပေဆု' ချီးမြှင့်ခံရသည်။
"စန္ဒရားလှထွတ်သည် ဂီတပြီးလျှင် စာပေသည် အကြီးမားဆုံးသော သံယောဇဉ် ဖြစ်သည်" ဟု အဆိုရှိသည်။ မြန်မာစာပေ လောကတွင် ဂီတ ပညာရှင်များ၊ တေးရေး ဆရာများ၊ အဆိုတော်များနှင့် သူတို့၏ ဂီတဆိုင်ရာ ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးသား တင်ပြလေ့ရှိရာ မြို့မညိမ်း၊ ဂီတစာဆို ကိုလှမိုး၊ ရန်နိုင်စိန်၊ ဘိုကလေးတင့်အောင်၊ စစ်ကိုင်း ဦးလှရွှေ၊ ကိုသန်းလှိုင်၊ မောင်မောင်လတ်၊ မြတ်လေး၊ စန္ဒရားချစ်ဆွေတို့နှင့် အတူ စန္ဒရားလှထွတ်လည်း အပါအဝင် ဖြစ်သည်
စန္ဒရားလှထွတ်သည် မြန်မာ့ဂီတ ဇစ်မြစ်နှင့် ကမ္ဘာ့ဂီတ သမိုင်းကြောင်းများကို အပတ်တကုတ် လေ့လာ ဆည်းပူးပြီး ရေးသားတင်ပြသူ ဖြစ်သည်။ "ဤစာအုပ်တွင် ဂီတနှင့် ပတ်သက်သော မူလဘူတ စူးစမ်းမှုများ၊ ဂီတ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆင့်ကဲ တိုးတက် ပြောင်းလဲလာပုံ စသော ဂီတဗေဒ အကြောင်းအရာများနှင့် ဂီတ၏ ရသ၊ ဒဿန စသည့် သဘောတရားတို့ကို တီးခေါက် ရိပ်စားမိရန် လိုအပ်သည့် နေရာများ၌ ကမ္ဘာ့ဂီတနှင့် နှိုင်းယှဉ် ဖော်ပြထားပြီး မြန်မာ့ဂီတ သမိုင်းရေစီးကြောင်းကို ယနေ့ မျက်မှောက်ခေတ် အထိ သုံးသပ် တင်ပြထားသည်" ဟု သူ၏ စာအုပ် အမှာစာတွင် ရေးသား ဖော်ပြခဲ့သည်။ သူသည် ကမ္ဘာပေါ်၌ ဖြစ်ပျက် ထင်ရှားခဲ့သော အကြောင်းများနှင့် ဂီတဗေဒ အကြောင်းအရာများ ရေးသား တင်ပြလျက် တခါတရံ ဘာသာပြန် ဝတ္ထုတိုများ (ဥပမာ) 'အိုင်စတိုင်းနှင့် တွေ့သောည' ဝတ္ထုတို၊ ထို့နောက် သူ၏ ဘဝရုပ်ပုံလွှာ အပိုင်းအစများ ရေးသားခဲ့သူ ဖြစ်သည်။
စန္ဒရားလှထွတ်သည် ဇန်နဝါရီလ ၅ ရက် ၂ဝဝဝ ခုနှစ်တွင် ရန်ကုန်မြို့၊ ဘောက်ထော်၊ ပြည်သာယာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄-နှစ် ရှိပြီဖြစ်ပြီး ဇနီး တေးသံရှင် ချိုဝေလွင် နှင့် ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)သားများ ကျန်ရစ်ခဲ့သည်။
#foryou​ #classicalmusic​ #karen​ #layb2​ #myanmarsong​ #ထူးအိမ်သင်​ #မာရဇ္ဇ​ #ဘာလိုသေးလဲ​ #စန္ဒယားလှထွတ်​ #အလှသစ္စာတရား​ #အနုပညာ​ #ချစ်သိန်း​

Пікірлер: 4
ဒုတိယ နေ့နှင့်ည Activity and Dinner Party
22:34
Сигма бой не стал морожкой
00:30
КРУТОЙ ПАПА на
Рет қаралды 10 МЛН
Обхитрили!
00:43
Victoria Portfolio
Рет қаралды 2,1 МЛН
Мем про дорожку
00:38
Max Maximov
Рет қаралды 4,5 МЛН
Interactions Between Earth and the Solar System (Moon Phases)
11:03
Nalloon Kaung
Рет қаралды 2,9 М.
ကိုရဲလွင် (မဇ္ဈိမလှိုင်း) အင်တာဗျူး
8:59
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 9 М.
Сигма бой не стал морожкой
00:30
КРУТОЙ ПАПА на
Рет қаралды 10 МЛН