Рет қаралды 71,802
တော်လှန်မင်းသမီးလေးသုသု ကိုယ်တိုင် စာဖတ်ပြတော့မဲ့ သောကြာနေ့ကို ရောက်ရှိလာပါပြီ။
သို့ - စာပို့မယ် ရဲ့ Episode 8 ဖြစ်ပါတယ်ရှင်။
ငတိုး
"september 30 2022 ကိုငါမမေ့ဘူးသူငယ်ချင်း မြင့်မြင့်မြတ်မြတ်နဲ့မင်း ကျဆုံး ခဲ့တဲ့အတွက် ငါဂုဏ်ယူတယ် ဘာပဲဖြစ်ဖြစ် မင်းတာဝန်ကျေပါတယ် ငါတာဝန်ကျေဖို့ပဲကျန်တော့တယ် ငါတို့နိုင်ငံသားတွေအားလုံး မင်းတ်ို့ငါတို့လို တာဝန်သိတတ်ရင်သိပ်ကောင်းမှာကွာ”
ဆိုပြီး ကျဆုံးသွားတဲ့ သူငယ်ချင်းလေးဆီကို ရဲဘော်တစ်ဦးကနေတိုင်တည်ရင်ဖွင့်ထားပါတယ်။
တော်လှန်ရေးမှာ သူရဲကောင်း လူကောင်းတွေကို ဆုံးရှုံးရတာ၊ရင်နာနာနဲ့ စတေးရတာတွေဟာ ဘလောက်တောင် များပြီလဲ။
ပြည်သူတွေမှာ ပြည်သူပဲရှိတာကြောင့်
ကျွန်မတို့ပြည်သူတွေဟာ တော်လှန်ရေးကို အားမလျှော့ မမေ့လျော့ဘဲ ကိုယ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးပါဦးနော်။💪
ကြေကွဲစရာစာလေးတွေလည်းပါသလို တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ပြည်သူချစ်တဲ့အနုအညာရှင် ဒေါင်းဆီ ပေးပို့ထားတဲ့စာလေးတွေ၊
Forever Clicker အဖွဲ့သားတွေကနေပြီး
ကိုပဒေသာ ကို အားပေးထားတဲ့စာလေးတွေအပြင် တော်လှန်ရေးကိုဘက်ပေါင်းစုံက အားဖြည့်နေတဲ့CDM သူရဲကောင်းတွေဆီကို ပေးပို့လာတဲ့ စာလွှာလေးတွေကို ဖတ်ပြပေးသွားမှာပါဖြစ်လို့
Video လေးကို အဆုံးထိကြည့်ရှူ့ရင်း
ဘဝအမောတွေ ခဏတာပြေပျောက်ပါစေရှင်။
အားလုံးနဲ့အတူတူရှိနေသလို အမြဲဆက်လက်ရှိသွားမယ့် 🕊️
" သို့-စာပို့မယ်”