Рет қаралды 76,258
စီးကရက်မကြိုက်တဲ့ကောင်မလေး (Official Visualizer)
Music Credits:
Written & Performed by James Tun
Produced by James Tun
Mixed & Mastered by @MinPyae
Video Credits:
Directed by DANA
Editing by DANA & James Tun
See DANA's work here : open.spotify.com/artist/37701...
[Lyrics]
(Round Chord : Em A D Bm - Capo 2)
နေဝင်ချိန် တေးသွားရယ်
အိမ်ပြန်နေ ငှက်ငယ်များ
မှောင်ရီ မှိန်ပျောက်လို့ရယ်
ရောင်စုံ စာမျက်နှာများ
မြို့ပြမှာလွမ်းရတယ်
အငွှေ့အသက်တွေလွင့်ပျောက်ပြယ်
ခြေရာခံမရပါ မင်းပျောက်ကွယ်
မြို့ပြရဲ့အလင်းအောက်ဝယ်
ခရီးမရောက်ပါ လမ်းပျောက်တယ်
ဘယ်ဆီတွေရောက်နေလဲ
စီးကရက်မကြိုက်တဲ့ ကိုယ့်ရဲ့ကောင်မလေး
ဘယ်ဆီကိုနင်ထွက်ပြေး
ရှာနေသူ ငါလေမတွေ့နိုင်
မီးများအောက်က ငါ့ရဲ့အဖေါ်မဲ့တေး
ရေဒီယို အစီစဉ်လေး
အချိန်မှီသာ ပြန်လာဘေးဝယ်
သန်းခေါင််ယံ ညအေးအေးရယ်
တစ်ကိုယ်တော် မြူနှင်းတွေကြား
ရှာပုံတော် တစ်ခုပေါ့ကွယ်
ခေါ်သံတွေကြားရဲ့လား
မြို့ပြမှာလွမ်းရတယ်
အငွှေ့အသက်တွေလွင့်ပျောက်ပျယ်
ခြေရာခံမရပါ မင်းပျောက်ကွယ်
မြို့ပြရဲ့အလင်းအောက်ဝယ်
ခရီးမရောက်ပါ လမ်းပျောက်တယ်
ဘယ်ဆီနင်ရောက်နေလဲ
ဆေးကရက်မကြိုက်တဲ့ကိုယ့်ရဲ့ ကောင်မလေး
ဘယ်ဆီကို နင်ရှောင်ပြေး
ရှာနေသူ ငါလေ မတွေ့နိုင်
မင်းသောက်တတ်တဲ့ သကြားမဲ့
ကော်ဖီလေး
ဒီချိန်မှာ ကော်ဖီအေး
ပြန်လာပါ ငါလေဆွေးတယ်
(စီးကရက် မသောက်တတ်တဲ့ ကောင်မလေးရယ်
စီးကရက် မကြိုက်တတ်တဲ့ ကောင်မလေးရယ်)x3