Рет қаралды 712,462
#မိတ်ဆွေများခင်ဗျာ ချန်နယ်ကို Subscribe လေးကိုနှိပ်သွားပေးဖို့ မေတ္တာရပ်ခံပါတယ်နော်
ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ (၁) ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်၊ (၂) ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ၊ (၃) အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ၊ (၄) ရဟန္တာ - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်ကြီးများ၊ (၅)မာတာ - မွေးသမိခင်၊ (၆) ပီတု - မွေးသဖခင်၊ (၇) အာစရိယ - မြတ်ဆရာသမား၊ (၈) ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူ၊ (၉) ဓမ္မကထိက - ဆရာ (ဓမ္မတို့ကို ဆုံးမတတ်သော ဆရာသမားများ)၊ (၁၀) ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကို ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော မိမိကိုကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များကို ဆိုလိုသည်။ #ခင်ပွန်းကြီးဆယ်ပါး#ကို ပြစ်မှားသူတို့ ကြုံရမည့်ဒဏ် ၁၀ ပါး ရှိသည်။ ယင်းတို့မှာ (၁) ပြင်းထန်သော ဦးခေါင်းနာစသည့် ဝေဒနာများ ဖြစ်ခြင်း၊ (၂) ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း၊ (၃) လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ် ချွတ်ယွင်းခြင်း၊ (၄) ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း၊ (၅) ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ (၆) မင်းပြစ်မင်းဒဏ်ခံရခြင်း၊ (၇) မတရားသဖြင့် စွပ်စွဲခံရခြင်း၊ (၈) ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း၊ (၉) စည်းစိမ်ဥစ္စာအခြွေအရံများ ပျက်စီးခြင်းနှင့် (၁၀) နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်းတို့ ဖြစ်ကြသည်။
#ခင်ပွန်းကြီး ၁၀ ပါး အား ပူဇော်လျှင် ရနိုင်မည့်ကောင်းကျိုး ၁၀ ပါးရှိသည်။ ၎င်းတို့မှာ (၁) အစားအစာ မရှားပါးခြင်း၊ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း၊ (၃) ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း၊ (၄) လူချစ်လူခင်ပေါများခြင်း၊ (၅) ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း၊ (၆) ကောင်းသတင်းကျော်စောခြင်း၊ (၇) အခြွေအရံများခြင်း၊ (၈) စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း၊ (၉) ဘေးဒုက္ခကြုံသော် အကူအညီရခြင်းနှင့် (၁၀) သားကောင်းသမီးကောင်း ရရှိနိုင်ခြင်းတို့ ဖြစ်ကြသည်။
#ခင်ပွန်းကြီး ၁၀ ပါး
#ခင်ပွန်းကြီး ၁၀ ပါး အား ပူဇော်လျှင် ရနိုင်မည့်ကောင်းကျိုး ၁၀ ပါး
#ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသူတို့ ကြုံရမည့်ဒဏ် ၁၀ ပါး
#ခင်ပွန်းကြီး ၁၀ ပါး
Please for copyright issues relating to our channel
please contact us directly at : cupidradar@gmail.com
Credit: Buddha Photo from Facebook and pixabay.com
Credit : Background Image from pixabay.com