Рет қаралды 5,015
ခေါင်းဆောင်တစ်ယောက်ရဲ့ စကားဟာ ငယ်သားတွေအတွက် မှာကြားချက်ဖြစ်စေနိုင်တာကြောင့် လုပ်ဆောင်မှုတိုင်းမှာ တိကျပြတ်သားမှုနဲ့ တရားမျှတမှုရှိဖို့ လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
---------
ဒီဇင်ဘာ(၄) AlinnMyay(အလင်းမြေ)
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)ရဲ့ သင်တန်းဆင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သင်တန်းဆင်းဗိုလ်လောင်းများအား ပြောကြားခဲ့သော မိန့်ခွန်းဖြစ်ပါတယ်။ အဆိုပါ မိန့်ခွန်းတွင် တပ်မတော်ဘက်က ထားရှိရမယ့် နိုင်ငံရေးသဘောထား၊ ငြိမ်းချမ်းရေးသဘောထားနဲ့ တပ်တွင်း ဒီမိုကရေစီအကြောင်းတွေလည်း ပါဝင်ခဲ့ကြောင်း တွေ့ရပါတယ်။
Source-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ဗိုလ်လောင်းများ #နိုင်ငံရေးသဘောထား
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ