Рет қаралды 2,808
ဟိုတနေ့တုန်းက ကိုယ်တို့ကို သေနတ်နဲ့ချိန်၊ ကျည်မထွက်ပဲ ဂျမ်းဖြစ်နေတော့ ဂျောက်ဂျက်ဂျေက်ဂျက်ဆွဲ၊ မိုးပေါ်ကိုထောင်ပစ်တုန်းက ကိုယ်ကဖြင့် ကြောက်တောင်မကြောက်ဘူးဗျ။ အခု ဒီကလေးကို မနက်ကျ ခွဲရတော့မယ် လို့လည်း တွေးမိရော ခြေဖျားလက်ဖျားတွေအေး၊ ရင်တွေပန်းတွေတုန်ပြီး အိပ်မရတော့ဘူး။ ကလေးက ခုမှ ၉ လသား ရှိသေးတာ။ သူ့ဘယ်လိုလုပ် မေ့ဆေးပေးကြမတုန်း။ ညကြီးသန်းခေါင် ဓါတ်မီးတစ်လက်နဲ့ ခွဲခန်းထဲပြေးပြီး ဘာတွေရှိသလဲ လိုက်ရှာရတယ်။ တော်ပါသေးရဲ့။ အော်ဇီက ဆရာဝန်တွေ ပို့ပေးလိုက်တဲ့ မေ့ဆေးပစ္စည်း ပုံးထဲမှာ ကလေးအရွယ်သုံး ET tube လေးတွေ သွားတွေ့တယ်။ မေ့ဆေးဆရာဝန်ဆီ ဖုန်းဆက်ပြီး ဘာနဲ့ ဘယ်လိုလုပ်ရမလဲ တိုင်ပင်ရတာပေါ့။