Рет қаралды 496
"ချစ်ဦးသူ"
(ရှုမဝမဂ္ဂဇင်း၊ ၁၉၆၁ မေလ)
စာရေးသူ - ဂုဏ်ဝင်း
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၂၁ : ၅၆ မိနစ်
စာမြည်း
"မမကလဲဗျာ၊ ချစ်လို့ကျီစားတာ စိတ်ဆိုးရသလား”ဟု အောင်အောင်က အရယ်ရပ်ကာ နှုတ်ခမ်းထော်၍မေးသည်။
“မမ မင်းကို ဘယ်တုန်းက စိတ်ဆိုးဘူးလို့လဲ အောင်အောင်.... မင်း ချစ်လို့ကျီစားတာက အတင့်ရဲလွန်းလို့ပြောတာ၊ ဘေးဘေးဘီဘီက လူတွေမြင်ကုန်ယင် ဘယ်ကောင်းမလဲ” “အောင်မယ် မမက အောင်အောင် ခုလို ပူးပူးကပ်ကပ် လူမြင်ခံရမှာကို ရှက်သပေါ့လေ၊ ဟုတ်လား။ ဒါဖြင့် အောင့်ကို မချစ်နဲ့တော့”
“ အောင်အောင်၊ မင်းဘာတွေ ပြောနေတာလဲ။ မမ မင်းကို မျိုမတတ် ချစ်ပါတယ်။ တနေ့ကျယင် မမအပေါ်မှာ မင်းမုန်းသွားမှာသာ စိုရိမ်ပါတယ်ကွယ်။ မင်းက မြို့ကြီးသား….မင့်းမိဘတွေက..."
“တော် တော် မမ၊ ဒီစကားမျိုး ပြောပြန်ပလား”ဟု ဆိုကာ အောင်အောင်က မအေးမြ၏ ပါးစပ်ကို လက်ဖြင့်ဖမ်းပိတ်လိုက်၏။ “မမပါးစပ်က နောက်ထပ် အဲဒီစကားမျိုး ထွက်လာယင် မမကို အောင်အောင်မုန်းမိလိမ့်မယ်။ အောင်အောင် မမကိုပြောထားတဲ့စကားတွေ မမ မေ့သွားပလား။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 LH Messenger Link - m.me/listenersh... (Or)
🔰 LH Viber Link - invite.viber.c...
🔰 LH Website Link - www.lhaudiobook.com
🔰 LH tiktok Link - www.tiktok.com...
🔰 LH Myanmar Culture TV Channel Link - / @lhculturetv