Рет қаралды 325,595
"ကျနော့်လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်" ဆိုတဲ့ လေယဉ်မှူး ခိုင်သန့်မိုး (ရုပ်/သံ)
ဧရာ၀တီ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၃
ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ လေတပ်က ဗိုလ်မှုး ခိုင်သန့်မိုးဟာ သူ့အနေနဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီလုပ်ရက်တွေအတွက် နောင်တရမိပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တောင်းပန်ခဲ့ပြီး ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူသွားမယ်လို့ သူက ဆိုပါတယ်။
ဗိုလ်မှူး ခိုင်သန့်မိုး ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကရင်နီပြည် "၁၁၁၁ စစ်ဆင်ရေး" အတွင်း လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်နေချိန်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်ပျက်ကျခဲ့ရာကနေ အဖမ်းခံခဲ့ရသူပါ။
လက်ရှိအချိန်မှာ သူ့ဟာ ကျန်းမာရေးကောင်းမွန်ပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အသက်အန္တရာယ်မရှိဘဲ ထိန်းသိန်းထားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေကို ထုတ်ဖော် ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်က စစ်ဘေးရှောင် စခန်းတွေနဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုက်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း ကိုယ့်တပ်အချင်းချင်း လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သူက ထုတ်ဖော် ပြောပါသေးတယ်။
သူဟာ စစ်ကောင်စီ လေကြောင်း တပ်ဖွဲ့ဝင်တွေကိုလည်း ကျူးလွန်ခဲ့တဲ့အမှားတွေအတွက် လေသူရဲ ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းဖို့ ပြည်သူတွေဖက်ရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရုပ်သံ - IEC