Рет қаралды 141
5.3.2024 ရက်နေ့ သည် စျေးဟောင်းနတ်ပူဇော်နေ့-စော်ဘွားစျေးနေ့-ဝမ်းကတ်ကောင်နေ့ ဖြစ်ပါသည်
ကျိုင်းတုံစော်ဘွားစျေးနေ့ဖြစ်ပေါ်လာပုံသမိုင်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင်တစ်ရက် ''စော်ဘွားစျေးနေ့''အဖြစ် သတ်မှတ်ပြီး ခင်းကျင်းရောင်းချလေ့ရှိကြပါသည်။ထိုနေ့တွင် ကျိုင်းတုံမြို့မစျေးအားပိတ်ထားပြီး စျေးသည်များအားလုံးစော်ဘွားစျေးတွင် လာရောက်ရောင်းချကြပါသည်။ မြို့သူမြို့သားများ ဧည့်သည်များသွားရောက်လည်ပတ်ပြီး စျေးဝယ်ထွက်ကြသည်။ စော်ဘွားစျေးကို နံနက်(6:00)နာရီခန့်မှ နေ့လည်(12:00)ခန့်ထိ ရောင်းချပြီး (10:00)နာရီခန့်အချိန်သည် အစည်ကားဆုံးအချိန်ဖြစ်ပါသည်။
''စော်ဘွားစျေးနေ့ရက်ရွေးပုံ''
----------------------------------------
စော်ဘွားစျေးနေ့ကို နှစ်စဉ်ကျင်းပရာတွင် ရက်ကောင်းရက်မြတ်ရွေးပြီး ကျင်းပခဲ့ကြသည်။ရက်ရွေးနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁)တပေါင်းလဆုတ်ရက်များ အတွင်းဖြစ်
ရမည်။
(၂)''စုံ'' ရက်မယူဘဲ ''မ''ရက်ကိုရွေးရမည်။
(၃)ထိုရက်များထဲမှ တနင်္လာ အင်္ဂါ ကြာသာ
ပတေး စနေ စသည့်ရက်များကို ရွေးရ
မည်။
(၄) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာ၏ စျေးနေ့ဖြစ်သော''ကတ်တောင်စျေးနေ့''လည်းဖြစ်ရမည်။(ကတ်တောင်စျေးနေ့သည် (၅)ရက်တစ်ပတ်စျေးဖြစ်ပါသည်)
စော်ဘွားစျေးနေ့နှင့်ပတ်သက်သော အယူအဆမှာ စျေးနေ့တွင်လာရောက်သူအားလုံးတို့သည် ကောင်းသော မင်္ဂလာနှင့်ပြည့်စုံသည် စော်ဘွားစျေးနေ့တွင်ရောင်းချသော ပစ္စည်းများကိုဝယ်ယူပါက စီးပွါးရေး ကျန်းမာရေး ကောင်းမွန်သည် ဟုယူဆကြပါသည်။ယူဆသည့်အတိုင်း ကလေးငယ်မှစ၍ သက်ကြီးရွယ်အိုများအထိ စေည်ဘွားစျေးတွင်လာရောက်ဝယ်ယူကြပါသည်။
စော်ဘွားစျေးပေါ်ပေါက်လာပုံ
--------------------------------------------
စော်ဘွားစျေးပေါ်ပေါက်လာပုံသမိုင်းမှာ သက္ကရာဇ် (၇၃၀)ခုနှစ် အေဒီ(၁၃၆၈)ခုနှစ် စော်ဘွားစောဝ်ကျစ်ပ်ပန်းတူ (ခ)စောဝ်သတ္တဗန္တုရာဇာ လက်ထပ်တော်တွင် ယခုအောင်မြေနတ်နန်းပုရဝုဏ်နေရာသည် ''စော်ဘွားစျေး''ဖြစ်သည်။၎င်းနယ်မြေကို ''အောင်မြေ''ဟုသတ်မှတ်ထားပြီး ကျိုင်းတုံစော်ဘွားခေတ်အဆက်ဆက် ခရီးထွက်လျှင်သော်လည်ကောင်း စစ်ထွက်လျှင်သော်လည်ကောင်း ၎င်းစျေးနယ်မြေတွင်(၂)ည(၃)ည အိပ်ပြီးမှ မှူးမတ်စစ်သည်တော်များကို ရာထူးချီးမြှင့်ပေးခြင်း လက်နက်များစုဆောက်းခြင်း လူအင်အား စုဆောက်းချင်းများပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီးမှ ထွက်ခွါလေ့ရှိကြပါသည်။
တစ်နေ့တွင် စော်ဘွား စောဝ်သတ္တဗန္တုရာဇာက မှူးမတ်ဗိုလ်ပါများကို ရာထူးချီးမြင့်ပေးရာ စော်ဘွားအထိန်းတော် တရုတ်လူမျိုး ဦးလောရောင်ကို ရာထူးအကြီးမပေးဘဲ ''မိုင်းကိုင်'' ''မိုင်းငွမ်း''မြို့လေးကို မြို့စားအဖြစ်ခန့်အပ်ပါသည်။ ဤသည်ကိုဦးလောရောင်က မကျေနပ်ဘဲ သူ၏အရှင်သခင်စော်ဘွားကိုးဓါးဖြင့်ထိုးသတ်လုပ်ကြံလေသည်။ မှူးမတ်များကလည်း ဦးလောရောင်ကို ပြန်၍ကွပ်မျက်လိုက်ပါသည်။သို့ဖြစ်ပါ၍ စော်ဘွားစောဝ်သတ္တဗန္တုရာဇာ နှင့် ဦးလောရောင်ကိုရည်စူး၍ နတ်နန်းတစ်ခုတည်ဆောက်ပြီး နှစ်စဉ်ပူဇော်ခဲ့ရာ ယနေ့ထိတိုင်ဖြစ်ပါသည်။၎င်းစျေးကြီးကိုလည်း ယခုလက်ရှိမြို့မစျေးနေရာသို့ပြောင်းရွေ့ခဲ့ပါသည်။စော်ဘွားစျေးကို နှစ်စဉ် လွိုင်မွေလမ်းတွင်စော်ဘွားခေတ်အဆက်ဆက် အုတ်ဂူ ရှိရာ ကျိန်းကျန် စျေးတန်းကြီးလမ်း တာယောလမ်း ပါလျံတံခါး လမ်းဆုံ ထိုမှတစ်ဆင့် ကျိန်းလန်း လမ်းအကွေ့အထိခင်းကျင်းရောင်းချကြပါသည်။အောက်မြေနတ်နန်းပုရဝုဏ်အတွင်းမှ နတ်စင်တွင် ဖယောင်းတိုင်များ အမွေးတိုင်များ လာရောက်ပူဇော်ကြသည့်အပြင် စော်ဘွားကြီး အုတ်ဂူများပါလာရောက်ကန်တော့ကြပါသည်။
စော်ဘွားစျေးနေ့တွင်စျေးသည်များထံမှ မြို့မိမြို့ဖများမှ ဖလားဖြင့်အလှူငွေကောက်ခံပြီး စော်ဘွားကြီးအားရည်စူး၍ အလှူတန်းများပြုလုပ်ပေးကြကြောင်းလေ့လာတွေ့ ရှိရပါသည်။''စော်ဘွားစျေး''နေ့ သည်ကျိုင်းတုံမြို့၏ ထူးခြားချက်တစ်ခုအဖြစ်ပြည်တွင်းပြည်ပ ဧည့်သည်များလည်းစိတ်ဝက်စားမူရှိကြောင်း အများဗုဟုသုတအဖြစ်လေ့လာသိရှိနိုင်စေရန် ကျွန်တော် မောင်ကျော်ရဲမြင့်အောင်(ခ)စိုင်းလုံ မှ ခေမရဌ်မဂ္ဂဇင်းဆောင်းပါးမှ မသီတာ(ရှေး/သု)ဆောင်းပါးတစ်ပုဒ်မှ ကိုးကား ဖေါ်ပြပေးလိုက်ရပါသည်။
Credit:kyawyemyint aung