Рет қаралды 418
အချိန်ကား လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်၊ စစ်တုရင် romantic ခေတ်...
ပထမဆုံး ကမ္ဘာ့ စစ်တုရင် championship ပြိုင်ပွဲကြီးကို 1886 ခုနှစ်တွင် ကျင်းပခဲ့သည်။ ယှဉ်ပြိုင်သူများမှာ Wilhelm Steinitz နှင့် Johannes Zukertort --- 19ရာစုနှောင်းပိုင်းမှ အတော်ဆုံး chess players 2 ဦး...
Steinitz သည် ယနေ့ခေတ် modern chess theory များ၊ general chess strategy များ၏ အခြေခံ ဖြစ်သော 'Positional Play' ကစားဟန်ကို စတင်ရှာဖွေ ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ထိုကစားဟန်ကို Vienna 1873 chess tournament တွင် စတင်ကစားပြီး မိတ်ဆက်ပေးခဲ့သည်ဟု ဆိုသည်။
သူ၏ပြိုင်ဘက်ဖြစ်သော Zukertort ကလည်း ခေသူ မဟုတ်။ ထိုခေတ်က အရမ်း strong ဖြစ်သော London 1883 chess tournament ကြီးတွင် ဒုတိယရသော Steinitz နှင့်ပင် 3မှတ်အကွာနှင့် အမှတ်ဖြတ်ကာ champion ဖြစ်ခဲ့သူဖြစ်သည်။
သူတို့ ၂ယောက်၏ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။ Chess board ပေါ်တွင် ယှဉ်ပြိုင်ကစားရုံတင်မကဘဲ magazines များတွင်လည်း chess အကြောင်းများရေးကာ တယောက်နှင့်တယောက် အပြန်အလှန် ထိုးနှက်ဝေဖန်ကြသည်။ စစ်တုရင် အယူအဆများ ယှဉ်ပြိုင်ငြင်းခုန်ကြသည်။ သူတို့ ထိုသို့ ရေးကြသည်များကို Ink War (မင်/ကလောင်တံ စစ်ပွဲ) ဟုပင် တင်စား ခေါ်ဝေါ် ခဲ့ကြသည်။
ဤ chess match ကို အနိုင်ရသူမှာ ပထမဆုံး world chess champion ဖြစ်ပါလိမ့်မည်။
ဒီနေ့မှာတော့ Game 12 review ပါ..
Images- credit to original uploaders(Canva, Pexels)
#စစ်တုရင်
#chess